အခန်း ၁၀၆ ။ အတိတ်ကို စုံစမ်းစစ်ဆေး ခြင်း(၁)

348 32 0
                                    

အခန်း ၁၀၆ ။ အတိတ်ကို စုံစမ်းစစ်ဆေး ခြင်း(၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: January  28 , 2023
=====================

ချောင်ရုံဟွမ် ရဲ့ နှလုံး ခုန်နူန်းက
လွဲချော်သွား
ခဲ့ရတယ် ။ ချောင်းအနည်းငယ် ဟန့်ပြီး,
သူမက ရှင်းရီချန်းကို ပြုံးပြီး ပြောလိုက်
တယ်, " အစ်ကိုရီချန်း, မိုယွီက
ယဲ့ဖေးချန်ကို မကြောက်မရွံ့ လိုက်
လိမ့်မယ်လို့ ကျွန်မ
ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး ။
သူမ ကြည့်ရတာ သူ့ကို တကယ်
ကြိုက်တဲ့ပုံပဲ! သူတို့ရဲ့ နေ့ရက် တွေကို ရိုက်ကွင်းမှာ အတူ ကုန်ဆုံးပြီး
နောက်မှာ သူတို့က ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တိုးတတ်လာတာ ဖြစ်နိုင်တယ် ,
ဒါကြောင့် သူမက အခု အဲ့ဒါကို လူတိုင်းကို ပြသဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်! "

သူမ စကားတွေက သူမ ညီမအစ်မ ဖြစ်သူအတွက် ပျော်ရွှင်မူတွေပြည့်နေပုံပေါ်သော်
လည်း အမှန်တကယ်ကတော့ ချောင်မိုယွီ နဲ့
ယဲ့ဖေးချန်ကြားက ဆက်ဆံရေးအပေါ်
ဦးတည်ချက်ထားနေခဲ့တာ ။

ဒါကို ကြားတဲ့အခါ, ရှင်းရီချန်းက
ချောင်မိုယွီကို မနှစ်မြို့ စွာ ကြည့်လိုက်
တယ် ။

ထိုအချိန်တွင်, host က မေးလာခဲ့တယ်,
" မိုယွီ, မင်းငယ်ငယ်တုန်းက တောင်တွေဆီ
ရောက်ဖူးတာလား? တို့ အစတုန်းက မင်း
မြို့တော်မှာ ကြီးပြင်း လာတယ်လို့ ထင်မိတာ,ဒီလိုဆို, အရင်တုန်းက ငါးဘယ်လို
ဖမ်းရမယ်ဆိုတာ မင်း ဘယ်လို
သင်ယူခဲ့တာလဲ?"

ရှင်းရီချန်းရဲ့ စူးစိုက်အကြည့်က သူမကို
ထွင်းဖောက်နေသည်အား ချောင်မိုယွီ နား
လည်လိုက်ချိန် သူမရဲ့ နှလုံးခုန်နူန်းတွေ လွဲ
ချော်သွားခဲ့တယ် ။ သို့ဖြစ်စေကာမူ, သူမ
ပြန်ဖြေလိုက်တယ်, " အမှန်တကယ်တော့,
အရွယ်ရောက်လာတဲ့အချိန် တောင်တွေကို
မကြာခဏ မသွားဖြစ်ဘူး ။ ပထမတော့
ကျွန်မက အပျော်အတွက် အပြင်ထွက်ကစား
ဖို့ တစ်ခါတစ်ရံ ခိုးထွက်တာပါ, ဒါပေမဲ့
ကျွန်မ ၁၃ နှစ်အရွယ်က, တောင်တွေမှာ
မတော်တဆဖြစ်ပြီး ပြည်ပမှာ ကုသဖို့
ကျွန်မ နှစ်တစ်ဝက်လောက် အချိန်
ကုန်ဆုံးခဲ့ရတယ် ။ အဲ့ကတည်းက
ကျွန်မ ဘယ်တော့မှ ပြန်မသွား
တော့ဘူး ။ ဒီနေ့ရဲ့ ငါးဖမ်းတာက
ရိုးရိုးရှင်းရှင်းလေး ကံကောင်းသွားတာပါ။ အကယ်၍ မနက်ဖြန် ကျွန်မ ငါးဖမ်းရရင်, မင်း စားပွဲ အပြည့် စားရဖို့
သေချာပေါက် မဖြစ်နိုင်ဘူး!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now