အခန်း ၁၁၄ ။ မင်း ဘာပဲ ဖြစ်နေပါစေ လှတယ် (၃)

246 24 5
                                    

အခန်း ၁၁၄ ။ မင်း ဘာပဲ ဖြစ်နေပါစေ လှတယ် (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 23    ,  2024 
=====================

" သူတို့က လိုက်ဖက်တယ် ။ ချန် × ယွီ CP က
ကောင်းမွန်တဲ့ တွဲဖက်မူပဲ! အား, ငါရဲ့
သွေးဆဲလ်တွေတော့ ပြတ်ကုန်ပါ ပြီ!"

" ငါလဲ ချန် × ယွီ CP ကို ထောက်ပံ့ပေးတယ်!
ကြည့်, ငါ့ ယောကျာ်း ရုပ်ရှင်ဧကရာဇ်က
သူ့ခေါင်းက ပန်းကုံး ကို မဖယ်ပစ်ဘူး ။
သူလဲ ပြုံးနေခဲ့တယ်!"

" အမှန်ပဲ, ငါ့ယောကျာ်းက ပြုံးနေရုံမကဘူး,
သူကလဲ အခြားအမျိုးသမီး တစ်ယောက်ရဲ့
အခိုးခံလိုက်ရပြီ ။ ဝူး ဝူး, ဒါပေမဲ့ အစ်မမိုယွီက
လဲ အရမ်း ချစ်စရာကောင်းတယ်လို့ ငါ ဘာ
ကြောင့် ထင်နေရတာလဲ? အစောက သစ်ပင်
တတ်တဲ့အချိန် သူမက မျောက်လေး
တစ်ကောင်လို ပဲ!"

" မစ္စတာ ပါဖက်တ် က သူ မိုယွီရဲ့ ရှေ့မှာ ရှိနေ
တဲ့အချိန် ပိုပြီး နှိမ့်ချ သရုပ်ဆောင်နေတယ်လို့
မင်း မထင်ဘူးလား?မစ္စတာ ပါဖက်တ် ရဲ့ မတူညီ
တဲ့ ဘက်ခြမ်းကို ငါတို့ကို မြင်ခွင့်ပေးလို့ မိုယွီ
ကို ကျေးဇူးတင်ပါတယ်! အကယ်၍ မင်းတို့
နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်
အတည်ဆိုရင်, မင်းတို့နှစ်ယောက် ကို ငါ
ကောင်းချီးမင်္ဂလာတွေ ပေးမယ်"

ထို နေရာ၌, တစ်စုံတစ်ယောက်က ချင်းချန်းချန်
လဲ ပန်းကုံး တစ်ခု ဝတ်ထားတာကို မြင်လိုက်
တယ် ။ " ဟား, မနေ့က, ဒီမိသားစု သုံးယောက်
က အစား အတူတူ စားကြတယ်"

" အိုက်ယား, ကင်မရာမန်းမှာလဲ ပန်းကုံး တစ်ကုံး
ဘာကြောင့် ရှိနေရတာလဲ?"

" ဒါရိုက်တာ, ကင်မရာမန်းက ထင်ပေါ် ကျော်
ကြားမူကို ခိုးယူနေတာ မင်းသိလား?"

" ကင်မရာမန်းက အခြေခံ အားဖြင့် မိသားစု
သုံးယောက်ရဲ့ လှပတဲ့ လေထုကို ဖျက်စီး
နေတဲ့ နို့ထိန်းရုံ ဖြစ်နေတာပဲ"

(T/N: နို့ထိန်း ရုံ – ငါ့ရဲ့ လှပတဲ့ မင်းသမီးအသစ်
လေး (還珠格格) မှ ဖြစ်သည် ။ သူမဟာ ဧကရီ
ဘုရင်မကို အလုပ်အကျွေးပြုနေတဲ့ ရန်ဘက် ဖြစ်
ကာ; နန်းတော် ဒရာမာတွင် သူတို့နှစ်ယောက်ဟာ
ဇာတ်ကြောင်း၌ ဇာတ်လိုက်ရဲ့ ဆန့်ကျင်ဘက်
များ ဖြစ်သည် ။ နို့ထိန်းရုံက ဇာတ်လိုက်နဲ့
ဒုတိယအမျိုးသမီးဇာတ်လိုက်ကို မကြာခဏ
နှိပ်စက်ပြီး အနိုင်ကျင့်လေ့ရှိသည် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now