အခန်း ၄၅ : နှလုံးသားက လူပ်ရှားလာ (၃)

1.1K 173 6
                                    

အခန်း ၄၅ : နှလုံးသားက လူပ်ရှားလာ (၃)


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date; March 6 ,2023
========================

သူမက သူ့ကို အဝတ်တွေလဲပေးပြီး ခဏလောက်ကစားဖို့ အောက်ထပ်ကို ခေါ်သွားတယ် ။
နာနီယွီက အစားအသောက်တွေ ပြင်ဆင်ပြီးနေပြီ။

သူတို့ ထမင်းစားချိန်တွင် , မိသားစုက မနေကထုတ်လွှင့်ခဲ့တဲ့ ရှန်းရှီ ဒရမ်မာရဲ့ အပိုင်းအားပြန်လည်ပြသနေချိန်ကစပြီး ကြည့်ဖို့TV ကို ဖွင့်ထားခဲ့တယ် ။

မျက်နှာပြင်ပေါ်တွင် ရယ်ဖေးချန် ပေါ်လာတာနဲ့တစ်ပြိုင်နက် လော့လော့ ဟာ TV ကို စိတ်လူပ်ရှားမူနှင့်အတူ ညွှန်ပြရင်း ချောင်မိုယွီ ဘက်ကို ရုတ်တရက် ပြေးလွှားလာတယ်:
"မား, အဲ့ဒါ ဒီ ဦးဦးလေ, လော့လော့ ကြီးလာပြီးမာမားကို ကာကွယ် ဖို့ သူပြောတာ!"

ချောင်မိုယွီ မော့ကြည့်လိုက်ရာ TVမျက်နှာပြင်ပေါ်က သရုပ်ဆောင်ကို မြင်လိုက်ရတယ် ။ တစ်ခုခုတော့ မှန်မနေဘူးလို့ သူမ ခံစားရတယ် ။ ဒါဆို အရင်က လော့လော့ပြောတဲ့ ကြည့်ကောင်းတဲ့
ဦးဦးဆိုတာ ရယ်ဖေးချန် ဖြစ်နေပုံပဲ ။ ဒါက
တကယ်ကို တိုက်ဆိုင်မူတစ်ခုပဲလား?

ဒီနေ့ အပိုင်းမှာ, ချောင်မိုယွီ က နှစ်ကြိမ်ပဲ ပေါ်လာတယ် ။ သူမရဲ့ စက်ခရင်အချိန်က အရမ်းတိုပင်မဲ့, ​လော့လော့က သူမ ပေါ်လာတဲ့အခါတိုင်း စိတ်လူပ်ရှားစွာနဲ့ သူ့လက်ကလေးတွေကို လက်ခုပ်တီးလေ့ရှိတယ် ။

အဲ့အချိန်မှာပဲ,ချောင်မိုယွီ က သူမ အွန်လိုင်းမှာဖတ်ခဲ့တဲ့ မှတ်ချက်တွေကို သတိရသွားတယ် ။အနည်းငယ် သိချင်စိတ်ဖြစ်လာပြီး သူမ လော့လော့ကို မေးလိုက်တယ်;  " ပေါင်ပေ့  ,TV ပေါ်မှာ ဘယ်သူ အချောဆုံးလဲ, အဲ့ဒါ မာမားလား, မင်းရဲ့ ဦးဦးလား ဒါမှမဟုတ် အနီရောင်စကပ်နဲ့ အဲ့ဒီ အန်တီ လား?"

လော့လော့က မတွေးဘဲ ပြန်ဖြေတယ်:
"မာမား!"

"တကယ်လား?" ချောင်မိုယွီ တိုက်တွန်းလိုက်
တယ်; " လော့လော့ ဘက်မလိုက်သင့်ဘူး ။
သား သူမကို သိတာကြောင့်မိုလို့ မားက အကောင်းဆုံးပါလို့ မပြောနဲ့ "

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now