အခန်း ၄၄ : နှလုံးသားက လူပ်ရှားလာ (၂)

1.1K 178 5
                                    

အခန်း ၄၄ : နှလုံးသားက လူပ်ရှားလာ (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date; March 1, 2023
==================

သူမသားမှာ ဒီလို အကြောင်းပြချက်တစ်ခု
ရှိနေလိမ့်မယ်လို့ ချောင်မိုယွီ လုံးဝ မထင်ခဲ့
ဘူး ။ သူမက သက်ပျင်းချလိုက်တယ် ။
သူမ မျက်လုံးတွေက အနည်းငယ် စိုစွတ်နေပုံပေါ်ပြီး သူမ နှလုံးသားက နွေးထွေးမူတွေနဲ့ပြည့်သွားတယ် ။

ဘယ်လိုတောင် ချစ်စရာကောင်းတဲ့
ကလေးလေးလဲ , သူက အရွယ်ရောက်လာချင်ပြီး သူတတ်နိုင်သမျှ သူမကို ကာကွယ်ချင်နေတယ်!

ချောင်မိုယွီ က ကလေးပုစိလေးကို ကောက်
ပွေ့လိုက်ပြီး သူ့အပေါ်ကို အနမ်းများ စိတ်
အားထက်သန်စွာ ပေးပစ်လိုက်တယ် ။
သူမက သူ့ကို အောက်ပြန်ချပေးပြီး လေး
လေးနက်နက် အသိပေးလိုက်တယ် ,
" လော့လော့ , အရမ်းအများကြီးအလွန်အကျွံ စားတာက ပေါင်ပေ့ ကြီးပြင်းလာဖို့ ကူညီမှာ မဟုတ်ဘူး။ အဲ့ဒီအစား , သား အလွယ်တကူဖျားနာနိုင်ပြီး သားရဲ့
ကြီးထွားမူက နှေးကွေးသွားလိမ့်မယ် ။
ပေါင်ပေ့ ပုံမှန်အတိုင်းပဲ စားရမယ် ဒါပေမဲ့ သား ဂျီးများလို့ မရဘူး ။ နာနီ
သားကို ကျွေးတာတွေကို သား စားရင် ,
သားမြန်မြန် ကြီးထွားလာလိမ့်မယ် !"

ကလေးလေးက နားထောင်နေခဲ့ပြီး ခေါင်းငြိမ့်ပြတယ် ။ သို့သော် ခဏကြာပြီးနောက် ,
သူက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေ၍ ပြောလာ
ပြန်တယ် , " ဒါပေမဲ့ လော့လော့က ကြက်သွန်နီ တွေ စားရတာမကြိုက်ဘူး ။
အဲ့ဒါကိုလော့လော့ မစားလို့ ရဘူးလား?"

{LN / လုံးဝမကြိုက်ဘူး:( }

" အဲ့ဒါကို လော့လော့ တစ်ခါလောက် နည်း
နည်းလေး စားကြည့် ။ နည်းနည်းလေးနဲ့
ဖြည်းဖြည်း ချင်း ကျင့်သွားပါ ။ သား အဲ့ဒါကိုတစ်ခါ ကျင့်သားရသွားရင် , ကြက်သွန်နီကအရသာ ဆိုးတော့မှာ မဟုတ်ဘူး" သူမပြောလိုက်တယ် ။

" အိုး , တကယ်တော့ လော့လော့ က အချိန်
တိုင်း ကြက်သွန်နီတွေကို အများကြီး စားပါ
တယ်!" ကောင်လေးက စပါးစေ့အရွယ်အစားကိုပြသဖို့ သူ့လက်ကလေးကို အသုံးပြုလိုက်တယ်။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now