အခန်း ၆၉ ။ တူညီတဲ့ အတွေ့အကြုံ (၁)

743 110 1
                                    

အခန်း ၆၉ ။ တူညီတဲ့ အတွေ့အကြုံ (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: May 31 , 2023 ( Wednesday   )
========================

ထမင်းစားခန်းရဲ့ တောက်ပတဲ့ မီးရောင်ထဲမှာ
သူတို့နှစ်ဦးသာ ရှိနေတယ် ။

အလင်းရောင်အောက်တွင် ,အမျိုးသားရဲ့ မျက်လုံးတွေက နက်ရိူင်းပြီး နှစ်လိုဖွယ် ကောင်းနေကာ ,တိတ်ဆိတ်တဲ့ ည မှာ အမျိုးသားရဲ့ နူးညံ့
တဲ့ မျက်နှာ အသွင်အပြင်က ပိုပြီး ပဟေဠိ ဆန်နေသည် ။ သူ့အသံက အထူး
နက်ရိူင်းနေပြီး ချောင်မိုယွီရဲ့ နှလုံးသားကို ခုန်လူပ်လာစေဖို့ လုံလောက်
အောင်ဆွဲဆောင်မူရှိသည် ။

သူမဟာ ဝတ္ထု ရဲ့ ဇာတ်ကြောင်းထဲတွင်
ယဲ့ဖေးချန်ရဲ့ ဇာတ်ကောင်က မည်သို့ ဖြစ်ခဲ့လဲဆိုတာ ဂရုတစိုက်နဲ့ မှတ်မိဖို့ ကြိုးစားလိုက်သည် ။

ဝတ္ထုထဲတွင် သူတို့ဟာ အပြန်အလှန်
ဆက်သွယ်မူတစ်ခါမှ မရှိခဲ့တဲ့အတွက်
မူလပိုင်ရှင် ဟာ ' ရှန်းရှီ ' ဒရမ်မာ မရိုက်ကူးခင်က ယဲ့ဖေးချန်နဲ့ ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးဘူးဆိုတာ ချောင်မိုယွီသေချာတယ် ။

ဇာတ်ကြောင်းတွင် ,ယဲ့ဖေးချန်ဟာ
ဖြောင့်မတ်တဲ့ အမျိုးသား တစ်ယောက်; သူက ဘယ်တုန်းက
မှ အချစ်ဇာတ်လမ်း မရှိခဲ့ဘူး, သူ့ပတ်ဝန်းကျင်မှာ
အတင်းအဖျင်းတွေ မရှိဘူး, သူက တစ်စုံတစ်ယောက်နဲ့အတူ ဆက်ဆံရေးတစ်ခု မျှဝေတာမျိုးလဲ မရှိခဲ့ဘူး ။

သို့သော်လည်း, ဝတ္ထုထဲတွင် သူက
ဘာကြောင့်
ဒုတိယအမျိုးသားဇာတ်လိုက်ဖြစ်ရ
တာလဲဆိုတဲ့ အကြောင်းပြချက်က, သူဟာ ချောင်ရုံဟွမ် ကို
ပထမဆုံး စတွေ့တဲ့ အချိန်, သူ့မျက်လုံးတွေက သူမ လက်ကောက်ဝတ် ကနေ
ခဏမျှ အကြည့်မလွှဲနိုင်ဘူး ။ အဲ့ကနေစပြီး, သူဟာ ဒီ မိန်းကလေးကို ပိုပြီး အာရုံစိုက်လာခဲ့တယ် ။
(လက်ကောက်တစ်ခုနဲ့ အတော်တော် ပြသနာရှာသွားတာပဲ ယုရုံဟွမ် က)

သို့ပင်မဲ့လည်း ထိုအချိန်တွင်, ချောင်ရုံဟွမ်
နဲ့ ရှင်းရီချန်းဟာ အတူရှိနေပြီး ဖြစ်သည် ။
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မူရှိနေခဲ့ပြီး ဖြစ်ရာ
သဘာဝအားဖြင့် ယဲ့ဖေးချန် နဲ့အတူ
ဘဝခရီးလမ်းကို ဖြတ်ကျော်တော့မှာ
မဟုတ်ဘူး ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now