အခန်း ၇၈ ။ ဖမ်းမိပြီ (၃)

549 79 2
                                    

အခန်း ၇၈ ။ ဖမ်းမိပြီ (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  July 6  ,  2023 (  Thursday      )
========================

" လော့လော့ မာမား ပြန်လာပြီ ။ မာမားက
ပေါင်ပေ့အတွက် လက်ဆောင် ဝယ်လာတယ်!"

အဲ့အချိန်မှာ လော့လော့ က တုံ့ပြန်လာခဲ့တယ်။
သူက အားရပါးရပြုံးပြီး ပျော်ရွှင်စွာ နဲ့ လက်ဆောင်ကို လက်ခံခဲ့တယ် ။ ချောင်မိုယွီ
က သူ့အတွက် လာတာကို မြင်ပြီး သူက သူ့ရဲ့
နူတ်ခမ်းသေးသေးလေးများကို ရွေ့ပြီး သူ့
အမေရဲ့ ပါးပြင်ပေါ် အနမ်းတစ်ပွင့် ပေးလိုက်ကာ နူးညံ့ ရဲ့ အရာလေးနှစ်ခု စွဲထင်ကျန်ခဲ့သည် ။

" မားက ပေါင်ပေ့ကို လွမ်းနေတာ ။
ပေါင့်ပေ့ကို
ပွေ့ဖက်နိုင်ဖို့ မား ပြန်လာချင်နေတာ အတော်
ကြာပြီ အခုတော့! " ချောင်မိုယွီက ပြောရင်း,
အောက်သို့ငုံ့ကိုင်းကာ လော့လော့နဲ့ မျက်လုံး
ချင်း ဆက်သွယ်မူ ပြုလုပ်လိုက်ပြီး,
" ပေါင့်ပေ့ သားရဲ့ မာမား ကို လွမ်းလား?"

ကောင်ကလေးဟာ မသိစိတ်အရ ခေါင်းငြိမ့်
လိုက်သည် ။သို့သော်လည်း ချောင်မိုယွီရဲ့ လောင်ကျွမ်းနေတဲ့ စူးစိုက်အကြည့်ကို သူ သတိပြုမိတဲ့အခါ, သူ့မျက်နှာလေးက အလျင်အမြန် အနီရောင်ပြောင်းသွားပြီး
သူ့ရဲ့
ဝကစ်ကစ် လက်ကလေးတွေက
တစ်ခုနဲ့တစ်ခု
ဆွဲနေသည် ။ သူ့ရဲ့ မျက်တောင်များက
ရှက်ကိုးရှက်ကန်း ဖြစ်ခြင်းကြောင့် နှိမ့်ဆင်း
သွားတယ် ။

ချောင်မိုယွီ ကရယ်မောလိုက်သော်လည်း
သူ့ကို မလွှတ်ပေးဘူး ။ သူမက ဆုံးရူံး သွား
သလို ဟန်ဆောင်ပြီး မေးလိုက်တယ်,
" ဘေဘီက စကားမပြောဘူး ။ မင်းရဲ့ မာမား
ကို လွမ်းရဲ့လား?"

သူမရဲ့ဆိုလိုရင်းကဤသို့ ထွက်လာတာကို ကြားတဲ့အခါ , ကလေးပုစိလေးက ထိတ်ထိတ်ပြာပြာ
ဖြစ်သွားပြီး ချက်ချင်း ရှင်းပြလာတယ်,
" လော့လော့က မာမားကို သတိရတယ်! "

ချောင်မိုယွီ ရဲ့ နူတ်ခမ်းထောင့်တွေက အပြုံး
တစ်ခု အဖြစ် ပင့်မသွားခဲ့ပြီး, " ချစ်စရာလေး,
သားက ဘာကြောင့် အရမ်းချစ်စရာကောင်း
ရတာလဲ?!" သူမ ကပြောရင်း, ကောင်လေးကိုပွေဖက်ပြီး သူ့အား စိတ်အားထက်သန်စွာ နမ်းလိုက်တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now