အခန်း ၅၃ ။ မင်း မျက်နှာ နာရဲ့လား? (၂)

1K 133 5
                                    

အခန်း ၅၃ ။ မင်း မျက်နှာ နာရဲ့လား? (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: April 1 , 2023 ( Saturday)
========================

ချောင်မိုယွီ ရဲ့လက်က မောင်းကို ဖြည်းဖြည်းချင်းဆွဲလိုက်တယ် ။

" မင်းက ချောင်မိုယွီ ဆိုတာ ကိုယ် သိခဲ့ရင်,
စေ့စပ်ကြောင်းလမ်းမူကို ကိုယ် ဘယ်တော့မှ
ဖျက်သိမ်းမှာ မဟုတ်ဘူး " ရယ်ဖေးချန်ရဲ့ မျက်လုံး တွေက နေဝင်ဆည်းဆာ ကောင်းကင်လို နက်ရိူင်းနေခဲ့တယ် ။ သူ့နှလုံးသားအောက်ခြေ
မှ ခံစားချက်တွေဟာ သူ့ဘာသာသူတဖြည်းဖြည်း စတင် ထွက်ပေါ်လာပြီး သူ့အသံ က ပိုပြီး နူးညံ့
​ညင်သာလာတယ်:
" မိုယွီ, ကိုယ့်တို့က တစ်ယောက်နဲ့ တစ်ယောက်သိ နေကျတာပဲ ။ ကိုယ့်နာမည်က ရယ်ဖေးချန် "

ပြောပြီးနောက်, ရယ်ဖေးချန် က ကားပေါ်က ခုန်ချပြီး သူမရှေ့မှာ သူရပ်လိုက်တဲ့အထိ ချောင်မိုယွီဆီကို လျှောက်သွားတယ် ။

ချောင်မိုယွီက သူမ သေနတ် ကို လုံးဝ မချခဲ့ဘူး ။သေနတ်ပြောင်းဝ က ရယ်ဖေးချန်ရဲ့ ရင်ဘက်ကို ထိသွားတဲ့အထိ သူမက သူမသေနတ်ကို လုံးဝ မရုပ်သိမ်းခဲ့ဘူး ။

ရယ်ဖေးချန် က သူ့လက်ကို ဖြည်းဖြည်းချင်း
မြှောက်ပြီး သူမလက်ခုံကို ဆုပ်ကိုင်လိုက်ကာ,ချောင်မိုယွီ ရဲ့ အမြဲပေါ်ပေါက်လာတဲ့ နှစ်ရှည် မကျန်းမာခြင်းက သူမကို ရုတ်တရက်ထိုးနှက်
လာတယ် ။ သူမက ခေါင်းကို နာကြင်မူနှင့် ဖုံးကာ လိုက်ပြီး သူမ ရပ်နေတဲ့နေရာမှာ ယိမ်းထိုးသွားတယ်...

"မိုယွီ! " ရယ်ဖေးချန်က အလျင်အမြန် လက်လှမ်းပြီး သူမကို ဖမ်းလိုက်ကာ ထိတ်လန့်စွာ မေးလာတယ်: " ဘာဖြစ်တာလဲ?"

ဤ အခိုက်အတန့်တွင်,လက်ရှိမှာ သူတို့ဟာ နှစ်ဘက်လုံးက သေနတ်များ ဝန်းရံခံထားရတယ် , လေထုက အရမ်း လေးလံနေပြီး လူတွေကို အသက်ရူဖို့​မေ့သွားစေတယ် ။ သို့သော် ,ရယ်ဖေးချန်ကတော့ သူ့ပတ်ဝန်းကျင်က အခြေအနေတွေကြောင့် သက်ရောက်မူရှိပုံမရဘဲလူတိုင်းရဲ့ မျက်လုံးတွေအောက်မှာ မိန်းကလေး
ကို ဆက်လက် ပွေ့ဖက်ထားခဲ့တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now