အခန်း ၆၀ ။ အလင်း ဖွင့်ခြင်း (၃)

841 130 2
                                    

အခန်း ၆၀ ။ အလင်း ဖွင့်ခြင်း (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: April 26 , 2023 (Wedensday )
========================

အမျိုးသားက အင်အားကြီးပြီး လျစ်လျူရူ နေစဥ် အမျိုးသမီးက အေးစက်ပြီး ထက်ရှနေတယ်။ပိုစတာ ကိုကြည့်ရတာ  စစ်ပွဲနဲ့ ယမ်းမူန့်တွေရဲ့ အနံ့အသက်တွေထဲ နှစ်မြုပ်နေပုံပေါ်တယ် ။

ဒီနေ့ ရိုက်ကူးရမဲ့ ဇာတ်ကွက် အားလုံးနီးပါးဟာချောင်မိုယွီ နဲ့ ယဲ့ဖေးချန် ရဲ့ ဇာတ်ကွက်တွေပဲဖြစ်တယ် ။

ဒီနေ့ရဲ့ နေရာဟာ အလွန် ထူးခြားတယ် ; သူတို့ဟာ အင်ပါယာ မြို့တော်မှာ ရှိတဲ့ ဘုရင်ခံ ရဲ့ နန်းတော်မှာ ရိုက်ကူးကြမှာဖြစ်တယ် ။ ဘုရင်ခံရဲ့ နန်းတော်ဟာ သမိုင်းနောက်ခံနေရာနဲ့ ဆင်တူပြီး လွန်ခဲ့တဲ့ နှစ်တစ်ရာ ဝန်းကျင် လောက်က ဆောက်လုပ်ထားတာ ဖြစ်သည် ။ ၎င်းကို မူလ
အခြေအနေအတိုင်း သေချာ ထိန်းသိမ်းထားပြီး နှစ်စဥ်နှစ်တိုင် လာရောက်လည်ပတ်သူ သန်းနဲ့ချီရှိသည် ။

လွန်ခဲ့တဲ့ ရက်အနည်းငယ် က, အဖွဲ့ဟာ အထူး ခွင့်ပြုချက်တစ်ခုကို ကြိုတင်
လက်ခံရရှိခဲ့ပြီး ထိုနေရာတွင် ဇာတ်ကွက်အနည်းငယ် ရိုက်ကူးဖို့
သွားခွင့်ပေးခဲ့သည် ။

ဒါကြောင့် ဤလာမဲ့ နှစ်ရက်မှာ သူတို့ဟာ ဒီမှာ ရိုက်ကူးဖို့ လ်ိုအပ်တဲ့ ဇာတ်ကွက်အားလုံးကို ပြီးဖို့ အချိန်ပို အလုပ်လုပ်ကြ
ရမှာ ဖြစ်သည် ။

ဤအချိန်အတောအတွင်း, ချောင်မိုယွီဟာ
ဒါရိုက်တာ ဖန်း မှ သူမထံ ရှောင်စုကို
ပေးပို့လိုက်တဲ့ အစီအစဥ် ကို  မြင်တဲ့အခါ သူမဆွံ့အ သွားခဲ့ရတယ် ။

ဘာလို့ဆို ဇာတ်ညွှန်းရဲ့ ပထမ အပိုင်းမှာပင်
အိပ်ယာ ဇာတ်ဝင်ခန်းဖြစ်နေသည်လေ ။

ဒီ အခန်းသည် ကွန်မန်ဒါ က အမျိုးသမီးဇာတ်လိုက်ကို သူ့ရဲ့ စံအိမ်သို့ ခေါ်သွားပြီးနောက်တွင်ဖြစ်သည် ။ သူမက သူ့ကို ရွံရှာမုန်းတီးနေသော်
လည်း သူက သူမကို သွားခွင့်မပေးခဲ့ဘူး ။ အမျိုးသားဇာတ်လိုက် က သူမကို ထောင့်နားက ဆန့်ကျင်ဘက် နံရံပေါ် ဖိထားခဲ့ပြီး သူမက ရုန်းကန်ကာ သူ့ကို ရိုက်နှက်ဖို့ ကြိုးစားရင်းနဲ့ အဆုံးမှာ သူတို့နှစ်ယောက် နမ်းရိူက်ကြတော့တယ် ။ ပြီးနောက်တော့...

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now