အခန်း ၁၁၀ ။ ကိုယ့်နာမည်ခေါ်ပါ (၂)

347 30 5
                                    

အခန်း ၁၁၀ ။ ကိုယ့်နာမည်ခေါ်ပါ (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:   February 22 ,  2024  
=====================

ချောင်မိုယွီက သူမခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်လိုက်တယ်။
နက်မှောင်နေတဲ့ ကောင်းကင်မှာ
ကွေးနေတဲ့ လ တစ်ခုလဲ ရှိနေတာကို
သူမ မြင်လိုက်တယ်။

သူမ ပြောတဲ့ အချိန် သူမ အသံက
ပိုပြီး နူးညံ့လာကာ,
" လကို မာမား မြင်ရတယ်, လောလော့
မြင်ရတဲ့ လ နဲ့ အတူတူပဲ"

ကောင်ကလေးက ပိုပြီး ပျော်ရွှင်လာကာ
သူက စိတ်လူပ်ရှား စွာ ပြောလာခဲ့တယ်,
" လ က အရမ်းလှတယ်, ဒါပေမဲ့
မာမားက ပိုတောင်လှတယ်! "

" ပေါင်ပေ့ လဲ အရမ်း လှတယ်!"
ချောင်မိုယွီ ပြောလိုက် တယ်,
" လ တောင် ထင်ရှားနေပြီ
ဆိုတော့ အခု အရမ်းနောက်ကျနေပြီလို့ ဆိုလိုတာပဲ ။ လော့လော့လေးက
နာနာခံခံ နဲ့ အိပ်ယာဝင်ဖို့လိုတယ်,
မျက်လုံးတွေ မှိတ်ပြီး အိပ်တော့
နော် ။ ဒီလိုနည်းနဲ့, သူက
အရပ်ရှည်ကြီးထွားလာနိုင်တယ် "

ဒီညတွင် ကောင်ကလေးက သူ့ရဲ့
ဆုတောင်းပြီးပြည့်စုံသွားတယ်။
သူက သူ့အမေရဲ့ အသံ ကို ကြားနိုင်တယ်။ လော့လော့က ပျော်ရွှင်စွာနဲ့ သူ့အိပ်ယာလေးပေါ်တတ်ပြီး ပြောလိုက်တယ်,
" မာမား, လော့လော့က နာနာခံခံ နဲ့
အိပ်နေပါပြီ! အဆင်သင့်ပဲ!"

ချောင်မိုယွီ ပြန်ဖြေလိုက်တယ်,
" ကောင်းသောညပါ လော့လော့လေး, အိပ်မက်လှလှမက်ပါစေ!"

ကောင်ကလေးရဲ့ နူးညံ့ပြီး ညင်သာတဲ့
အသံလေးက ပြောလာတယ်,
" ကောင်းသောညပါ မာမား!
မား လော့လော့ အကြောင်းကို
အိပ်မက်မက်ရမယ်နော်!လော့လော့ကလဲ
မာမားအကြောင်းကို
အိပ်မက်မက်လိမ့်မယ်!"

" ကောင်းပါပြီရှင်, မာမားက အိပ်မက် မက်ပါမယ် ကတိပေးပါတယ်!" ချောင်မိုယွီက
ကူကယ်ရာမယ်စွာ သက်ပြင်းချ
လိုက်တယ် ။ လော့လော့အတွက်တော့
သူ့အမေဟာ သူ့ရဲ့ ကမ္ဘာကြီး
တစ်ခုလုံး ဖြစ်တာကြောင့် 
အရမ်းရိုးရှင်းတယ် ။ 

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now