အခန်း ၅၆ ။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးချက်ရလဒ် (၂)

1K 138 5
                                    

အခန်း ၅၆ ။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးချက်ရလဒ် (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: April 12 , 2023 ( Wednesday)
========================


ထို အချိန်တွင်, အပြင်ဘက်က လူပ်ရှားလာတယ်။လော့လော့က ပြေးလာပြီး သူမ လက်တွေထဲက စာရွက်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်လာတယ်။သူက နူးညံ့ပြီး ဖယောင်းလို ပျော့ပျောင်းတဲ့ အသံလေးနဲ့ပြောလာတယ်,
" မား, မားရဲ့ ဇာတ်ညွှန်း!"

ချောင်မိုယွီ ဟာ ယခင်က လော့လော့ကို
သူမ သယ်ဆောင်ထားလေ့ရှိတဲ့ စာရွက်တွေကိုဇာတ်ညွှန်းလို့ခေါ်ကာ ၎င်းက သူမကို ပိုက်ဆံရစေပြီး လော့လေးအတွက် ပစ္စည်းကောင်းတွေဝယ်ဖို့ ကူညီနိုင်တယ်လို့ သင်ကြားပေးခဲ့တယ် ။
ဒါကတော့ ကောင်လေးက သူ့အမေရဲ့ ပစ္စည်းတွေကိုဘာကြောင့် ဘယ်တော့မှ မထိရတာလဲဆိုတာပဲ ။ သူတို့ မြေပြင်ပေါ်ကျနေတာ သူရှာတွေ့ခဲ့ရင် သူက ၎င်းကို ကောက်ယူပြီး သူမကို ပြန်ပေးခြင်းဖြင့် သူ့အမေ ကို ကူညီလိမ့်မယ် ။

ဒီအချိန်မှာ, ချောင်မိုယွီ က သူမခေါင်းကို ခါလိုက်ပြီး လော့လော့ကို နူးညံငြင်သာစွာ ပြုံးပြလို​က်တယ်။ " ဟင့်အင်း,  ဒါက ဇာတ်ညွှန်း မဟုတ်ဘူး။ဒါက မျိုးရိုးဗီဇ ခွဲခြားခြင်း အထောက်အထားပဲ"

ကလေးလေးက သိသိသာသာပဲ အထောက်အထား ဆိုတာဘာလဲ သူ မသိဘူး။ သူက ချောင်မိုယွီ ကို သူ့ရဲ့ မျက်လုံးကြီးကြီးတွေနဲ့ သိချင်စိတ်ပြင်းပြစွာ ကြည့်နေတယ် ။

အနည်းငယ် တွေးပြီးနောက်, ချောင်မိုယွီ မေးလိုက် တယ်: " လော့လော့, သားအဖေ ဘယ်သူဆိုတာ သား တစ်ကြိမ်လောက် သိချင်ခဲ့ဖူးလား?"

ကောင်လေးက စိတ်လူပ်ရှားစွာ ခေါင်းငြိမ့်လိုက်တယ်, " လော့လော့ သိတယ် ! လော့လော့မှာ ဓာတ်ပုံတွေ ရှိတယ်! " ပြီးတာနဲ့ သူက ချောင်မိုယွီရဲ့ လက်မောင်းတွေထဲက ထွက်ပြီး သူ့အခန်းကိုအပြေးအလွှား သွားတော့တယ် ။

ပုံဏ္ဍာန်သေး​သေးလေးက ခုန်ပေါက်ပြီး ပြေးလွှားသွားတာကို မြင်တော့ ချောင်မိုယွီ မကူနိုင်စွာ ရယ်မော လိုက်သော်လည်း ကောင်လေးရည်ညွှန်းတာက ဘာ ဓာတ်ပုံတွေလဲဆိုတာ သူမလဲ သိချင်မိတယ် ။ 

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now