အခန်း ၁၆ : အွန်လိုင်းပေါ်၌ မုန်တိုင်းတစ်ခု ပြင်းထန်ခြင်း(၁)

1.7K 189 9
                                    

Zawgyi //



Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; September 12 , 2022

======================

ထိုအချိန်​တွင်​ ,ရယ်​​ဖေးချန်​ က ရယ်​ မိသားစု
စံအိမ်​သို့ ​ရောက်​​နေခဲ့တယ်​ ။

ဖေ​ဖေ ရယ်​ က အ​ပေါ်ထပ်​က သူ့ရဲ့ စာကြည့်
ခန်းထဲတွင်​ အလွန်​အ​ရေးကြီးတဲ့ ဧည့်​သည်​တစ်​ဦးနှင့်​ ​တွေ့ဆုံ စကား​ပြော​နေခဲ့တယ်​ ။
ရယ်​​ဖေးချန်​ က ဒီအချိန်​အ​တောအတွင်း
အောက်​ထပ်​တွင်​​စောင့်​ရန်​ရည်​ရွယ်​ခဲ့
သော်​လည်း ​ထို့​နောက်​တွင်​ အမျိုးသမီး
အ​စေခံတစ်​ဦးက သူ့ထံ ​ရောက်​လာပြီး
ပြောလာ၏ ,:" ဒုတိယသခင်​​လေး ,
သခင်​​လေးကို စာကြည့်​ခန်းကိုလာဖို့
ဖိတ်​​ခေါ်လိုက်​ပါတယ်​ "

ရယ်​​ဖေးချန်​ က ​ခေါင်းငြိမ့်​လိုက်​ပြီး
မော့ကြည့်​လိုက်​တယ်​ ။ သူက အ​ပေါ်ထပ်
မှ ဆင်းလာ​သော သူ့ရဲ့ အစ်​ကိုကြီး ဖြစ်​သူ
ရယ်​​ဖေးချင်​ နှင့်​ မျက်​လုံးချင်းဆုံမိသွား
တယ်​ ။ အမျိုးသားရဲ့ နူတ်​ခမ်း​တွေက
အနည်းငယ်​ ​ကွေးညွှတ်​​လာပြီး ,အဓိပ္ပါယ်
ပြည့်​​နေ​သော အပြုံးတစ်​ခုကို ထုတ်​​ဖော်​ပြ
နေတယ်​ ။

ဒီညီအစ်​ကို​တွေက အမြဲတမ်း တစ်​ဦးနှင့်​တစ်​ဦး
သ​ဘောထားကွဲလွဲမူများ ရှိ​နေတတ်​တယ်​ ။
ရယ်​​ဖေးချန်​ အိမ်​ကို အလည်​အပတ်​ပြန်
လာပြီး စာကြည့်​ခန်းထဲဝင်​တဲ့ အချိန်​တိုင်း
လိုလို သူ့အ​ဖေက သူ့ကို ​ဒေါသတကြီး
ပြာခွက်​နဲ့ ပစ်​​ပေါက်​တတ်​၏ ။
သူ့ရဲ့ ညီငယ်​ ကို ​နောက်​တစ်​ကြိမ်​ မြင်​ရ
တော့ , ရယ်​​ဖေးချင်​ က ခံစားချက်
ကောင်းမွန်​​နေတယ်​ ။

ရယ်​​ဖေးချန်​ က သူ့ကို လျစ်​လျူရှု့ လိုက်
ပြီး အ​ပေါ်ထပ်​ကို တတ်​သွားလိုက်​တယ်​ ။

သူက တံခါးကို ​ခေါက်​လိုက်​ရာ "ဝင်​လာခဲ့ "
ဆို​သော စကားသံကို ကြားလိုက်​ရတယ်​ ။
ဖိတ်​​ခေါ်မူကို လက်​ခံရပြီး​နောက်​ , သူက
သူ့အ​ဖေရဲ့ စာကြည့်​ခန်းတံခါးကို တွန်းဖွင့်
လိုက်​တယ်​ ။ သူဝင်​​ရောက်​လာပြီး
မကြာခင်​ , tangzhuang အ​ပေါ်အင်္ကျီကို ဝတ်
ထားတဲ့ အသက်​​ခြောက်​ဆယ်​ ​ကျော်
အမျိုးသားတစ်​ဦး ကို ရယ်​​ဖေးချန်
သတိပြုမိလိုက်​တယ်​ ။သူက
မဖုံးကွယ်​ပဲ သိလိုစိတ်​ဖြင့်​ ရယ်​​ဖေးချန်​ကို
အ​ထက်​မှ ​အောက်​သို့ ကြည့်​ရူ့​နေခဲ့ကာ
ဧည့်သည် ​​သက်​ကြီးရွယ်​အို ၏
မျက်​လုံးများက ပို၍​တောက်​ပလာပုံ
ရ၏ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now