အခန်း ၉၉ ။ နိူင်းယှဥ်ခြင်း (၄)

301 29 0
                                    

အခန်း ၉၉ ။ နိူင်းယှဥ်ခြင်း (၄)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: January 8  ,  2024 (  Monday    )
======================

မိနစ်ဝက်လောက် ကြည့်ပြီးနောက်,
သူမက ဝမ်ခွမ်းမင် ရဲ့ဘေးကို ပြန်လာပြီး
ပြောလာတယ်, " အစ်ကိုဝမ်, မိုယွီ လုပ်တဲ့
အတိုင်း သစ်ကိုင်း ဒါမှမဟုတ် ငါးမျှားကြိုးခဲသီးကို ရှောင်ပြီး ကျွန်မတို့ ဘာလို့ မကြိုးစားကြည့်တာလဲ? ဒီကငါးက အတော်လေး အထူးတလည်ဖြစ်နေတာလဲ
ဖြစ်နိုင်တယ်လေ"

" ကောင်းပြီ" သူမ စကားတွေက ဖြစ်နိုင်ချေရှိတယ် ​ရှိတယ်လို့ ဝမ်ခွမ်းမင် လဲ ခံစားရတာ
ကြောင့် သူတို့ နှစ်ဦးဟာ ငါးမျှားကြိုးမှ သစ်ကိုင်းကို ဖြည်ပြီး ငါးမျှားကြိုးခဲသီး
ကို ဖယ်ရှားလိုက်တယ် ။

ဒါကြောင့်, သူတို့ရဲ့ ချိတ်တွေဟာ ရေမျက်နှာပြင်ပေါ်တွင် အထိန်းအကွပ်မဲ့ မျောရင်း ပေါလောပေါ်နေတယ် ။

အခြား တစ်ဖက်တွင်, ချင်းချန်းချန် ရဲ့ အော်သံက ထပ် ထွက်လာပြန်တယ်,
" မိုယွီ,နင်က ငါ့ရဲ့ နတ်ဘုရားမပဲ! နင် နောက်ထပ်ငါးဖမ်းမိပြန်ပြီ!"

" မိုယွီ!နတ်ဘုရားမ, နင် ဘယ်လိုတောင်
အရမ်း အစွမ်းထက်နိုင်ရတာလဲ!"

"မိုယွီ, ငါနင့်ကို ဘယ်လောက်တောင် ကြည်ညိုလေးစားလဲ
စကားလုံးတွေနဲ့တောင် ငါ မဖော်ပြ
နိုင်တော့ဘူး–"

ချင်းချန်းချန် ရဲ့ ကြွေးကြော်သံ အလယ်မှာ,
ချောင်မိုယွီက ငါး ငါးကောင်
ဖမ်းမိပြီးပြီဆိုတာ
ကို ရှင်းဝမ်ရွှမ်း သတိပြုမိလိုက်တယ်, သူတို့
တစ်ကောင်းချင်းစီက ၁ ကီလို ဒါမှမဟုတ် ၂ ကီလို လောက် အလေးချိန် ရှိတယ် ။ ဒီလို
ကောင်းမွန်တဲ့ငါးက ပြုတ်ချက်စတူး အတွက် အရမ်း သင့်တော်တယ်။

" အိုက်ယား, ငါးတွေ အများကြီးပဲ ။ ငါတို့
နှစ်ယောက်အ​ပြင် ကင်မရာမန်းပါ ဒါတွေအားလုံးကို ကုန်အောင် စားနိုင်မှာ
မဟုတ်ဘူး ။ အကယ်၍
ငါတို့ လျို့ဝှက်တဲ့အမျိုးသား ဧည့်သည် နှစ်ယောက်ကို ထည့်ပေါင်းလိုက်ရင်, သူတိုနဲ့ မျှဝေဖို့ ငါတို့မှာ နည်းနည်းပဲ ကျန်လိမ့်မယ် ။ ဒီလိုဆိုတော့, နောက်ထပ်တစ်ကောင် ထပ်ဖမ်းရအောင်!"
ချောင်မိုယွီက လေးလေးနက်နက် ပြောလာတယ်။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now