အခန်း ၁၀၂ ။ စားသောက်ပွဲ (၃)

247 33 2
                                    

အခန်း ၁၀၂ ။ စားသောက်ပွဲ (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  January 14 ,  2024 ( Sunday  )
======================

ဟင်းခက်အမွှေးအကြိုင် ပမာဏ ကန့်သတ်မူကြောင့်, ချောင်မိုယွီ က ဟင်း သုံးမျိုး
ချက်ဖို့သာ စီစဥ်လိုက်တယ်;
ငါး နှစ်ကောင်ကို ကြော်ဖို့ အတွက်သုံးပြီး, နှစ်ကောင်ကို စတူးလုပ်မယ်, ပြီးတော့ နောက်ဆုံး နှစ်ကောင်ကိုမီးဖိုပေါ်တွင်
ကင်မည် ဖြစ်သည် ။ သူမက သစ်ကိုင်း
တစ်ခုကို တွေ့ပြီး ငါးကင်ရန်
ပြင်ဆင်လိုက်တယ် ။

အခြားတစ်ဖက်တွင်, ချောင်ရုံဟွမ် ရဲ့
အဖွဲ့က ဘာမှ မဖမ်းမိတာကြောင့် အဖွဲ့ဝင် သုံးယောက်ဟာ အဆာပြေ စားဖို့
မက်မွန်သီး အစိမ်း တစ်လုံးစီသာ ရှိသည် ။

ထိုအချိန်အတောအတွင်း, ရှင်းဝမ်ရွှမ်းရဲ့ အဖွဲ့ကလဲ မီးမွှေးလိုက်တယ် ။ သူတို့အိုးထဲတွင် လက်ဖဝါးအရွယ် ငါး နှင့် အစိမ်းရောင် ကြက်သွန်နီ နှစ်လုံးက ပေါလောပေါ်နေပြီး
အခြားဘာမှမရှိ ။

ချောင်မိုယွီဟာ သူမယခင်ဘဝတွင်
သူမအစ်ကိုအတွက် မကြာခဏ
ချက်ပေးလေ့ရှိတယ် ။ မောင်နှမ
နှစ်ယောက်လုံးဟာ ငါးစားရတာ
ကို နှစ်သက်ကြတာကြောင့် သူတို့ဟာ
ဤဟင်းပွဲများကို ပြင်ဆင်ရာ၌ အလွန် ကျွမ်းကျင်ကြတယ် ။

သူမက အရသာအရည်နှပ်ထားတဲ့
ငါးတွေကိုယူပြီး အဝါရောင်ပြောင်းသွားတဲ့အထိ လေးဘက်လုံးကို ကြော်လိုက်တယ် ။

ပြီးနောက်, သူမ က ပြုတ်ချက်ထားတဲ့
ငါးကို ကြက်သွန်မြိတ် အနည်းငယ် ဖြူးလိုက်တယ်။အသားက အဖြူရောင်သို့
စတင် ပြောင်းလဲနေပြီ ဖြစ်သည် ။

အခြားတစ်ဖက်တွင်, ရှင်းရီချန်း ဟာ
လေယာဥ်ပေါ်က အစားအစာတွေကို
မစားခဲ့တဲ့အတွက် သူ ဘာမှ
မစားရသေးဘူး ။ အခု သူဟာ
ငါးစွတ်ပြုပ် အနံ့ကို ရတဲ့အခါ
သူ့ရဲ့ လည်စလုတ်က မနေနိုင်စွာပဲ
လိမ့်သွားရတယ် ။

သူထံမှ ၁၀ မီတာ အောက် အကွာအဝေးက
မိန်းကလေးကို သူ စိုက်ကြည့်ပြီး ချက်ပြုတ်
နေစဥ် သူမရဲ့ အာရုံစိုက်ထားတဲ့ စူးစိုက်
အကြည့်ကို သူ မြင်တဲ့အချိန် ရုတ်တရက် သတိလစ်ဟင်းသွားသလို
ခံစားလိုက်ရတယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now