အခန်း ၁၁၆ ။ သူမခေါင်းကို ဖွဖွပုတ်လိုက်တယ် (၂)

152 14 5
                                    

အခန်း ၁၁၆ ။ သူမခေါင်းကို ဖွဖွပုတ်လိုက်တယ် (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
====================

သူမက အမြဲတမ်း ချောင်မိုယွီကို မနှစ်သက်ခဲ့ဘူး,
ဒါနဲ့များ, သူက အဲ့ဒီအမျိုးသမီး ရဲ့ အဖွဲ့ကို ဘယ်လို ပူးပေါင်းနိုင်ရတာလဲ?! လွန်ခဲ့တဲ့ညက
သစ်တောထဲမှာ ရှင်းရီချန်း နဲ့ ချောင်မိုယွီ အတူရှိ
နေတာကို သူမ မြင်ခဲ့ရတာတောင်, ရှင်းရီချန်း
နဲ့ ဘာမှ မလုပ်ဘူးဆိုတာ သူမ ခံစားရတယ် ။
သူမ ချစ်သူကောင်လေးကို နှောက်ယှက်နေတဲ့သူ
က ချောင်မိုယွီ လို့ သူမ အမြဲတမ်း တွေးခဲ့တယ်။

ယခင်ညက, သူတို့ဟာ ချောင်မိုယွီ နဲ့ ပက်သတ်လို့
စကားများရန်ဖြစ်ခဲ့ကြပြီး ယခု သူက ချောင်မိုယွီ
ရဲ့ အဖွဲ့ကို ပူးပေါင်း ချင်နေတာလား? ဒါက ဘာကိုဆိုလိုတာလဲ? သူ့ရဲ့ ချစ်သူကောင်မလေး အစစ်က ဘယ်သူလဲဆိုတာ သူ သိသေးရဲ့လား?

ထို့အပြင်, သူတို့က လက်ရှိ ပရိုဂရမ် တစ်ခုကို
မှတ်တမ်းတင်ရိုက်ကူး နေကြတာ ။ အဲ့ဒီမှာ
ဧည့်သည်တွေ, ရိုက်ကူးရေး ဝန်ထမ်းတွေ နဲ့
ပရိုဂရမ် ရဲ့ ထုတ်လွှင့်မူ ကို ကြည့်နေကြတဲ့
ပရိတ်သတ်တွေရှိပြီး အခုတော့, သူက အခြား
အဖွဲ့ကို ပူးပေါင်းချင်ပါတယ်လို့ သူ ပြောလိုက်
တာကို သူတို့အားလုံး ကြားသွားပြီ!

ထို ခဏတွင် သူမ မျက်နှာကို ပါးတစ်ချက် ရိုက်
လိုက်သလို ကိုရိုးကားရား တိတ်ဆိတ်သွား
တယ်။

ချောင်ရုံဟွမ် က သူမရဲ့ အမူအရာကို ကောင်းကောင်း ထိန်းချုပ်ထားခဲ့တာတောင်,
ထိုအခိုက်အတန့်တွင် သူမရဲ့ လိမ်ညာလှည့်စား
ထားတဲ့ အသွင်အပြင်က အက်ကွဲသွားတယ် ။

သူမဟာ သူမကိုယ်သူမ ရယ်မောအောင် ပြုလုပ်
ဖို့ အကောင်းဆုံး ကြိုးစားနေခဲ့သော်လည်း
သူမရဲ့ လက်ရှိ အမူအရာက ငိုတာထက် ပိုပြီး
အရုပ်ဆိုးနေတယ် ။ သူမဟာ သူမလက်သီးကို
တင်းတင်းကြပ်ကြပ် ဆုပ်လိုက်တာကြောင့်
သူမ လက်ချောင်းပေါ်ရှိ လက်သည်းများဟာ
သူမလက်ရဲ့ လက်ဖဝါးပေါ်က အ​ရေပြားကို
ပေါက်လုမတတ်ပဲ ။ သူမက အသက်ပြင်းပြင်းရူ
လိုက်ပြီး ပြုံးဖို့ သူမကိုယ်သူမ အတင်းအကြပ်
ဖိအားပေးလိုက်ပြီး, " မနေ့က, အစ်ကိုရီချန်း က
သူ့ရဲ့ eight pack တွေ ပျောက်သွားရလောက်
အောင် ဆာလောင်နေတယ်လို့ ကျွန်မကို ပြော
တယ်!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now