အခန်း ၃၉ : မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း(၆)

1K 176 2
                                    


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; February 11, 2023
==================

မောင်​နှမ​တွေ ပြန်​လည်​​ပေါင်းစည်းသလို
ရှင်းရီချန်းက သူ့ညီမကို ​ပွေ့ဖက်​လိုက်​တယ်​ ။
ပြီးတာနဲ့ သူက မတ်​မတ်​ ရပ်​ပြီး ဒါရိုက်​တာကို
ပြုံးပြကာ , " ရှန်းရှီရဲ့ ပထမတန်းစား
အောင်​မြင်​မူအတွက်​ ဂုဏ်​ယူပါတယ်​!"

ဒါရိုက်​တာကလဲ သူနဲ့ ယဉ်​​ကျေးတဲ့ စကား
အနည်းငယ်​ ​ပြောဆိုခဲ့တယ်​ ။ ထိုအချိန်​မှာ,
သတင်း​ထောက်​တစ်​​ယောက်​က မိုက်​ခရိုဖုန်း
ကို ရှင်းရီချန်း ဆီသို့ ညွှန်​ပြလာခဲ့တယ်​ ။
သူက ရှင်းရီချန်းနဲ့ အရမ်း မနီးကပ်​နိုင်​တာ
ကြောင့်​ , သူတို့နဲ့ သက်​ဆိုင်​တဲ့ အဓိက
အ​ကြောင်းအရာကိုပဲ ချက်​ချင်း​မေးလိုက်
တယ်​, " ​တစ်​စိတ်​​လောက်​ပါ , မစ္စတာရှင်း ,
ဒါက မစ်​ရုံဟွမ်​ နဲ့ မင်းရဲ့ ဆက်​ဆံ​ရေးက
ကောင်းလား?"

ရှင်းရီချန်းက ဒါရိုက်​တာနဲ့ စကား​ပြော​နေ
ခဲ့တာ​ကြောင့်​ စင်​​ပေါ်မှာ ရှိ​နေခဲ့တယ်​ ။
ထိုအခိုက်​အတန့်​တွင်​ ,သူ့ ညာဘက်ေ​ဘး ရှိ
စင်​ရဲ့ အခြားတစ်​ဖက်​ဆီက ​ချောင်​မိုယွီ
ပေါ်တွင်​ ရပ်​တန့်​သွားတဲ့အခါ သူ့မျက်​လုံး
ထဲက အလင်း​ရောင်​ဟာ မှိန်​သွားခဲ့တယ်​။

သူမဟာ သူမ မျက်​နှာ​ပော်​တွင်​ပူပင်
ကြောင်းကြမဲ့တဲ့ အမူအရာတစ်​ခုရှိ​နေပြီး သူမ
နူတ်​ခမ်း​တွေက အနည်းငယ်​ တိမ်း​​စောင်း၍
ယောင်​​ယောင်​​လေး ပြုံး​နေခဲ့တယ်​။
ရှင်းရီချန်းကို အင်​တာဗျုးခဲ့တဲ့ သတင်း​ထောက်​ က သူ့ရဲ့ စိတ်​ရူပ်​​ထွေးမူ​တွေကို လုံးဝ သတိ
ပြုမိပုံ မ​ရဘူး ။

ရုတ်​တရက်​ , ရှင်းရီချန်းဟာ အမှန်တရား​တစ်​ခုကို နားလည်​သ​ဘော​ပေါက်​သွားတယ်​ ။
အဲ့ဒီ​နေ့က ​ချောင်​မိုယွီကို သူ​မောင်းထုတ်​လိုက်
ပြီးကတည်းက သူ့ရုံးခန်းမှာ သူ့ကိုရှာဖို့ သူမ
ဘက်​က ဘယ်​တုန်းကမှ အစမပြု​တော့ပုံရ
တယ်​ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now