အခန်း ၈၅ ။ ဖော်ထုတ်ခြင်း (၂)

441 54 0
                                    

အခန်း ၈၅ ။ ဖော်ထုတ်ခြင်း (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  July 30 ,  2023 (  Sunday      )
========================

ချောင်မိုယွီ: " ...... " တွေးကြည့်လိုက်တော့လဲ ,အခုအချိန်အတွက် အဲ့အတိုင်းပဲ
လုပ်ကြတာ ပေါ့!

သူမက ဆိုဖာပေါ်တွင် ထိုင်နေပြီး
စပျစ်သီးတွေကို တစ်ခုပြီးတစ်ခု စားနေတဲ့ လော့လော့အတွက်စပျစ်သီး အခွံနွှာပေးလိုက်တယ် ။ သူ့နူတ်ခမ်း
တွေက တောက်ပနေပြီး သူ မေးလာခဲ့သည်,
" ဆရာက လော့လော့ကို ကျွေးတယ် ။
ဆရာက သူစိမ်း မဟုတ်တဲ့ အတွက် သား စားဖို့ အဆင်ပြေတာပေါ့"

" အွန်း, လော့လော့က တကယ် ဉာဏ်ကောင်း
တာပဲ! " ချောင်မိုယွီက ကိုင်းပြီး သူ့ကို နမ်းလိုက်တယ် ။

အပြင်ဘက်တွင်, သတင်းထောက်တွေက
လုပေကော ကို လူတွေ့မေးမြန်းနေကြတယ် ။ ထိုအချိန်အတောအတွင်း, လုပေကော နှင့် ပက်သတ် စပ်လျဥ်းနေတဲ့ ရုပ်ရှင် အများစုတွင် အမှန်တကယ်
ရယ်ဖေးချန် ပါဝင်နေသည်ကို အရိပ်အခြည် အနည်းငယ် ပဲ ကြည့်တတ်တဲ့သူ  မည်သူမဆိုမြင်နိုင်တယ် ။သူတို့က
လုပေကော အတွက်
ယဲ့ဖေးချန်နဲ့ ဆက်နွယ်တဲ့ သတင်းအချို့ကို
ပြောခဲ့ကြတယ် ။

အင်တာဗျူး ပြီးတဲ့ အချိန်, လော့လော့ ဟာ
စပျစ်သီး နှင့် ဖရဲစေ့ အများကြီးကို စားပြီး
ဖြစ်သည် ။ ကလေးပုစိလေးဟာ တံခါးမှ
လာနေတဲ့အသံကို ကြားပြီး ချောင်မိုယွီ ရဲ့
ခြေထောက်ပေါ်မှ ချက်ချင်း ခုန်ချလိုက်တယ်။
သူက နောက်ကျောကို ဆန့်တန်းလိုက်ကာ
တည်ငြိမ်ပြီး အေးဆေး ပုံပေါ်အောင် ကြိုးစားနေသည် ။ 

လုပေကော က ဝင်လာပြီး ပြုံးပြကာ,
" အင်တာဗျူး က အဲ့ဒီမှာ ပြီးသွားပြီ,
ကျွန်တော် နေ့လည်စာ ပြင်ထားတယ်,
နေ့လည်စာ အတူတူ စားရအောင်! "

ချောင်မိုယွီက ယဲ့ဖေးချန်ရဲ့ တည်ရှိမူကိုနားလည်တယ်, ဒါနဲ့များ, သူတို့က သွားဖို့
ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ? သူမက ချက်ချင်း
သူမလက်ကို ဝေ့ယမ်းပြီး,
" တာအိုကျောင်းတော်မှာ သာမန် ကိစ္စအချို့ရှိသေးတယ် ။ ငါတို့
ဆရာလုကို အနှောက်အယှက် မပေးတော့ပါဘူး!"
( ဒီနားမှာ Ye Pei City's လို့ရေးထားတယ်)

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now