အခန်း ၂၅ : ကာကွယ်ပေးခြင်း (၁)

1.4K 207 11
                                    



Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; December 10 , 2022
==================


ရှင်းဝမ်​ရွှမ်း က ရုတ်​တရက်​ မက်​တတ်​ထရပ်
လိုက်​ပြီး သူမရဲ့အပြာ​ရောင်​စကပ်​​ပေါ်က
အနီ​ရောင်​အစွန်းကို ဝမ်းနည်းစွာ စိုက်​ကြည့်
နေခဲ့တယ်​ ။ သူမရဲ့ နူးညံ့တဲ့ မျက်​ခုံး​တွေကို
ဆက်​သွားတဲ့အထိ ကြုတ်​ပြီး ,
" ငါ့ရဲ့ VIRO limited edition ​လေး!"

သူမ​ဘေးမှ , ရှင်းရီချန်းက ​ပေပါတာဝါ တစ်​ခု
ကို လှမ်း​ပေးလိုက်​တယ်​ ။ သူ့မျက်​နှာ​ပေါ်တွင်
ပေါ့ပါးတဲ့ အပြုံးတစ်​ခုနှင့်​အတူ သူက နှစ်​သိမ့်
လာခဲ့တယ်​ , " ကိစ္စမရှိပါဘူး, ကိုကို မင်း
အတွက်​ ​နောက်​တစ်​ခု ထပ်​ဝယ်​​ပေးမယ်​ "

" ကိုကို!" ရှင်းဝမ်​ရွှမ်း က ​အ​လောတကြီး
မ​ကျေမနပ်​တိုင်​တန်းလာခဲ့တယ်​ ,
" အဲ့ဒါ​တွေက ​ချောင်​မိုယွီရဲ့ အပြစ်​ပဲ!
အွန်​လိုင်း​ပေါ်က လူ​တွေ ကန်း​နေကြတာ
လား?"

ရှင်းရီချန်း တိတ်​ဆိတ်​ ​နေတာကို သတိပြု
မိတဲ့အခါ , ရှင်းဝမ်​ရွှမ်း ရဲ့ နှင်းခဲ​တွေဖုန်းလွှမ်း
နေတဲ့ မျက်​လုံး​တွေက သူ့ကို ထက်​ရှစွာ
ကြည့်​လာခဲ့ပြီး , " ကိုကို , ရုတ်​တရက်​ကြီး
အဲ့မိန်းမကို ခံစားချက်​​တွေ ရှိသွားတာ​တော့
မဟုတ်​ဘူးမလား?"

ရှင်းရီချန်း က ​နောက်​ကို ပြန်​စိုက်​ကြည့်​ပြီး
သူ့​ခေါင်းကိုခါကာ , " ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ?"

ပြီး​နောက်​ , သူ့စကား​တွေကို သက်​​သေပြဖို့ ,
သူ့မျက်​လုံး​တွေက ​အေးစက်​စက်​သ​ရော်​မူ
တစ်​ခုနဲ့ လက်​​နေခဲ့ကာ , "အဲ့ဒီ မိန်းမက သူမ ဘာမှမဝတ်​ထား တဲ့အချိန်​လိုပဲ ရုပ်​ဆိုးတယ်​ !"

ရှင်းဝမ်​ရွှမ်း ဟာ ပထမက သူမ စကပ်​ ပျက်​စီး
သွားတာ​ကြောင့်​ မ​ပျော်​မရွှင်​ ဖြစ်​​နေခဲ့ပင်​မဲ့
သူမအစ်​ကိုရဲ့ စကား​တွေကို ကြားပြီး​နောက်
မှာ​တော့ သူမရဲ့ဆိုးဝါး​နေတဲ့ ခံစားချက်​က
ပျောက်​ကွယ်​သွားခဲ့တယ်​ ။ သူမက
ရုတ်​တရက်​ တောက်ပစွာပြုံးလိုက်ပြီး ,
" ဟုတ်​တယ်​ , သူမက အစ်​မ ရုံဟွမ်​ လို မလှဘူး!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now