အခန်း ၈၀ ။ ဖမ်းမိပြီ (၅)

462 66 0
                                    

အခန်း ၈၀ ။ ဖမ်းမိပြီ (၅)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: July 6 , 2023 ( Thursday  )
========================

သူမရဲ့ ယခင်ဘဝက, ဇာတ်လမ်းရဲ့ ဒီအပိုင်းကို ဖတ်တဲ့အချိန် ,သူမဟာ ဒီဇာတ်ကြောင်းနေရာ၌ ထည့်သွင်းထားခြင်းအတွက်
စာရေးသူကို
ရယ်မောလှောင်ပြောင်ပြီး မှတ်ချက်ကိုတောင်အထူး ရေးသားခဲ့တယ် ။

သူမဟာ " ရှပ်ရုင်ဧကရီရဲ့ သစ္စာရှိ
ခွေး CEO "
ဝတ္ထုရဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ အမြင်သုံးခု က
အတော်လေး ဖောက်ပြန်နေသည်ဟု
ဒုက္ခပေးနေတဲ့ ခံစားချက်တစ်ခု ရှိနေသည် ။ လူကောင်းတွေက ငယ်ငယ်ရွယ်ရွယ် သေဆုံးရရင်, လူဆိုးတွေက နှစ်တစ်ထောင်လောက် နေမကောင်းဖြစ်သင့်တယ် ။ ဗီလိန်ရဲ့
နာမည်က သူမနာမည်နဲ့ တူနေတဲ့
အမှန်တရားကြောင့်သာ မဟုတ်ရင်,
ဒီ ရူးနေတဲ့ ဝတ္ထုကို ဟိုး
အရင်တည်းက စွန့်ပစ်ခဲ့ပြီ!

ထိုအခိုက်အတန့်တွင်, လုပေကောရဲ့ နောက်ဆုံး
အဆုံးသတ်ကို သူမ တွေးလို​က်တဲ့အခါ,
ချောင်မိုယွီ က သူမ နှလုံးသားထဲမှာ
သက်ပျင်းမချဘဲ မနေနိုင်တော့ဘူး ။ လော့လော့ အိပ်ငိုက်​လာတာကို သတိပြုမိပြီး သူမက သူ့လက်ကို ဆွဲ
ကာ သူ့ကို အိမ်ပြန်ခေါ်သွားခဲ့တယ် ။

သူတို့ လှေကားတွေကို လမ်းလျှောက်တတ်
နေရင်း, ချောင်မိုယွီက သူမရဲ့
ဆုံးဖြတ်ချက်ကို
ပြုလုပ်ပြီး ဖြစ်သည် ။ သူမက ကိုင်းညွှတ်ပြီး
ကောင်ကလေးကို ပြောလိုက်တယ်,
" လော့လော့, မား မနက်ဖြန် သားကို
နေရာအချို့
ကို ခေါ်သွားမယ် ။ မားက နောက်ဆုံး အကြိမ်ကလို အလုပ်လုပ်ဖို့ သွားမှာ, ဒါကြောင့် လော့လော့ကအနားမှာပဲ ကစားရမယ် ဟုတ်ပြီလား? "

ကလေးပုစိလေးဟာ သူ့အမေက
သူမအလုပ်ဆီ
သူ့ကို ခေါ်သွားမယ်ဆိုတာ ကြားတဲ့အခါ, သူက ချက်ချင်း ခေါင်းငြိမ့်ပြလာခဲ့တယ် ။

ချောင်မိုယွီက သူ့ဆံပင်တွေကို ဖွလိုက်ပြီး
နားလည်ရခက်တဲ့ အသံတစ်ခုနှင့်ပြောလာသည်,
" နောက်ပြီး, လော့လော့က မာမားကို
ကူညီနိုင်
လိမ့်မယ် ။ သား အကူအညီ လိုအပ်တဲ့ တစ်စုံတစ်ခု ကို မား ပြင်ဆင်ထားတယ် "

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now