အခန်း ၄၂ : မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း(၉)

1.1K 177 2
                                    


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date: February 22, 2023

==================

နေ​ရောင်​​အောက်​မှာ , တိတိရိရိ​​သေသပ်​စွာ
ညှပ်​ထားတဲ့ လက်​သည်း​တွေနဲ့ သူမလက်​ဟာ နူးညံ့ပြီး ဖြူ​ဖွေး​နေတယ်​ ။ သူမ လက်​အစုံဟာ
စန္ဒရား တီးဖို့ရာ အတွက်​ သင့်​​လျော်​​ပုံ​ပေါ်
သော်​လည်း သူတို့ဟာ ဒီလို အံ့သြဖွယ်​ရာ
စွမ်းအား ရှိ​နေသည်​ ။

ထိုအချိန်​အ​တောအတွင်းမှာပဲ ,​ချောင်​မိုယွီရဲ့
စိတ်​အားထက်​သန်​​နေတဲ့အမူအရာကို မြင်
လိုက်​ရတဲ့ အခါ , ရယ်​​ဖေးချန်​ရဲ့ နူတ်​ခမ်း​တွေက မမြင်​နိုင်​​လောက်​တဲ့ အပြုံးတစ်​ခု ဖြစ်​​ပေါ်
လာတယ်​ ။ သူ​တွေးမိသွားတယ်​ ,
' အကယ်​၍ သူမဟာ မိန်းက​လေးတစ်​​ယောက်
မဟုတ်​ဘူးဆိုရင်​ ,သူမက အဲ့ဒီ ဘ​လောက်​တုံးကို အခုအချိန်​မှာ အပိုင်းအစ​တွေ အဖြစ်
ပြောင်းလဲပစ်​လိုက်​မှာကို ငာ​ကြောက်​မိတယ်​'

သို့​သော်​ , လူတိုင်းက ​ချောင်​မိုယွီ အ​ပေါ်
အာရုံထား​နေကြကာ , ရယ်​​ဖေးချန်​ရဲ့
ရုတ်​တရက်​ အသက်​ရူကြပ်​​စေနိုင်​​လောက်​တဲ့
လှပတဲ့ အပြုံးကို ဘယ်​သူမှ သတိမပြုမိလိုက်
ကြဘူး ။

မိနစ်​အနည်းငယ်​ကြာပြီး​နောက်​ , သတင်း
အ​ကြောင်းအရာ​တွေဟာ ​နွေဦး​လေ​ပြေထဲ
လွှင့်​​မြော​နေတဲ့ ဒုဓလီ ပန်း​​တွေလို ဆိုရှယ်​မီဒီယာ ​ပေါ် ​တောက်​​လျှောက်​ ပျံသန်းတတ်​လာ
တယ်​ ။ လူတိုင်းဟာ သတင်း​တွေကို အားရပါး
ရ အလွန်​အမင်း အမွှန်းတင်​​ပြော​ဆို​နေကြ
တယ်​ ။

[ အဖြူ​ရောင်​ဝတ်​စုံနဲ့ အလှ​လေးက ဘုတ်​ပြား
သုံးပြားကို သူမရဲ့ လက်​ဗလာနဲ့ ချိုးဖြတ်​ပစ်
တယ်​]

[အားနည်​တဲ့ မိုးမခပန်း အလှ​တရား​တွေ
အများကြီးနဲ့ ​ဖျော်​​ဖြေ​ရေး အသိုင်းအဝိုင်းထဲက
အမျိုးသမီး​တွေကြားထဲမှာ ဒီ သူရဲ​ကောင်း
အမျိုးသမီးက အံ့သြဖွယ်​ရာပဲ]

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now