အခန်း ၉၂ ။ တန်ပြန်တိုက်စစ် ပထမခြေလှမ်း (၃)

457 40 1
                                    

အခန်း ၉၂ ။ တန်ပြန်တိုက်စစ် ပထမခြေလှမ်း (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  November 19    ,  2023
========================

အမျိုးသားက သူ့ခြေထောက်ပေါ်ကို ပြန်ရပ်
ပြီး တန်ပြန်တိုက်ခိုက်တော့တယ် ။

ချောင်မိုယွီဟာ သူမ ဆုပ်ကိုင်ထားဖို့ရာ
မည်သည့်
ဒေါက်တိုင် မည်သည့် ဝိုင်ယာကြိုးတွေမှ မရှိ
သော်လည်း,  လေထဲမှာ သူမရဲ့ ဆက်တိုက် ကန်ချက်တွေက အမျိုးသားရဲ့ ပခုံးနဲ့ ရင်ဘက်ပေါ်
ကို တိုက်ရိုက် ကျဆင်းသွားခဲ့ပြီး သူ့ကို
မြေပြင်ပေါ်ကို နောက်တစ်ကြိမ် ပြန်မကျခင်
ပျံသန်းစေလိုက်တယ် ။

သူက ထရပ်ဖို့ ကြိုးစားသော်လည်း သူ့အရိုး
တွေကျိုးလုနီးပါး ဖြစ်သွားသလို နာကျင်မူက အလွန် ပြင်းထန်တယ် ။ သူက သွေး ပါးစပ်အပြည့် အန်ထွက်ပြီး မြေပြင်ပေါ် ပြိုလဲသွားတယ်, လူပ်ကို
မလူပ်နိုင်တော့ဘူး ။

ချောင်မိုယွီက မြေပြင်ပေါ် ဖြည်းဖြည်းချင်း ကျလာတယ် ။ အလင်းရောင်အောက်တွင်,
သူမရဲ့ တောက်ပတဲ့ အနက်ရောင် ဆံနွယ်တွေ,နှင်းလို ဖြူဖွေးတဲ့ အသားအရေနှင့်
ရိုးရှင်းတဲ့ အဝတ်တွေက သူရဲကောင်းမ
တစ်ဦးရဲ့ အရောင်အဝါ ကို
ထုတ်လွှတ်နေတယ် ။

အမျိုးသားရဲ့ ရင်ဘက်ပေါ်ကို ခြေထောက်အား ခိုင်မာစွာ မထားခင် သူမက လေထဲမှာ
ကျွမ်းထိုးပြီး အမျိုးသားရဲ့ ဘေးကို ဆင်းလိုက်ကာ, " ရှင်းရီချန်း လို ဟန်ဆောင်ပြီး ကျွန်မကို ဖျားယောင်းသွေးဆောင်ဖို့
ရှင့်ကို ဘယ်သူခိုင်းတာလဲ?"

အမျိုးသားက ပြန်မဖြေဘဲ သူမကို ရက်စက်
စွာ စိန်းစိန်းဝါးဝါး ကြည့်နေခဲ့တယ် ။

" ရှင် ကျွန်မကို မပြောဘူးဆိုရင်,
ကျွန်မ ရဲ ခေါ်လိုက်မယ်!" ချောင်မိုယွီဟာ အစောပိုင်းက
အမျိုးသားရဲ့ ဆိုးဝါးတဲ့ စိတ်နေသဘောထား
ကို ရန်စလိုက်ခြင်းအတွက် သူမကိုယ်သူမ
ချီးမွမ်း လိုက်တယ် ။သူမက မျက်ခုံးပင့်ပြီး
ပြောလိုက်တယ်, " ရှင်ကသာ ကျွန်မကို ပထမဆုံးတိုက်ခိုက်တဲ့ သူပဲ!" အစောက,
သူတို့နှစ်ဦးဟာ
အရမ်းနီးကပ်နေပြီး ထိုနေရာ၌ ရိုက်ကူး မှတ်တမ်းတင်နေတဲ့ အခြား ကင်မရာတစ်ခု
ရှိနေတာတောင်  ကျောက်တုံး တစ်ခုနဲ့ သူမကသူ့ကို ပထမဆုံး ဘယ်လို ရန်စခဲ့လဲဆိုတာကို ဘယ်သူမှ သတိမပြုမိခဲ့ဘူး ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now