အခန်း ၉၈ ။ နိူင်းယှဥ်ခြင်း (၃)

309 26 3
                                    

အခန်း ၉၈ ။ နိူင်းယှဥ်ခြင်း (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  January 3, 2024
======================

အခြားတစ်ဖက်တွင်, ချောင်မိုယွီ ဟာ ငါးမျှားကြိုးခဲသီး ကိုတောင် မသုံးဘဲ ချိတ်ကို
ရေထဲ ရိုးရိုးလေးချထားတာကို ရှင်းဝမ်ရွှမ်း
သတိပြုမိလိုက်တယ် ။  သူမဘာလုပ်နေတာလဲ
သူမ (ရှင်းဝမ်ရွှမ်း) ရှင်းရှင်းလင်းလင်း မသိ
ဘူး!

သူမက ကျန်းထိုက်ကုန်း ငါးဖမ်းတယ်လို့
ထင်နေတာလား? ကြည့်ရတာ သူမ အဖွဲ့က
ဒီည စားဖို့ ဘာမှ မရှိတဲ့ ပုံပဲ ။

(ET/N: ကျန်းထိုက်ကုန်း 姜太公–ရှန်မင်းဆက်
က အရာရှိငယ်ဟာ မဲရုံရဲ့ ဘယ်လိုအမျိုးအစား မှာမဆို, ငါးမျှာတံတိုတွေ ဒါမှမဟုတ် ချိတ်တွေ
ကို သူ အသုံးပြုရာနေရာ၌ မှော်ဆန်တဲ့ ငါးဖမ်းနည်းရှိကာ, ငါးတွေက လာချိတ်ဖို့
ဆန္ဒရှိကြတယ်လို့ ကောလဟာလ
တွေ ထွက်ပေါ်လာခဲ့တယ်)
(Li Note: ဒါကြီးက တကယ် မတိကျဘူး
ဒီနားမှာ ကိုယ်လည်နေတာ အကြာကြီးပဲ!)

ထိုအခိုက်အတန့်တွင်, သူမဘေးက ဝမ်ခွမ်းမင်
က ရုတ်တရက် ပက့်သက်ရိူက်ရင်း ပြောလာ
ခဲ့တယ်: " ချိတ်ကို တစ်ခုခု လာ ကိုက်တယ်!"

ငါးမျှားချိတ်က ဘယ်လောက် အနက်ထိ နစ်မြုပ်
သွားသည်ကို သတိပြုမိပြီး, သူဟာ ၎င်းကို
ဆွဲတင်ဖို့ ကြိုးစားသော်လည်း ရေကူးနေစဥ်
ငါးက သူ့ကို အလွယ်တကူ ကျီစားသွားသလို
အလေးချိန်က မကြာမီတွင် ပျောက်ကွယ်သွား
ခဲ့တယ် ။

သူ့ရဲ့ ညာဘက်မှာရှိတဲ့, ချောင်ရုံဟွမ် က မေးလာ
ခဲ့တယ်: " အစ်ကိုဝမ်, အဆင်သင့်ပဲလား?"

" ဟင့်အင်း" သူက ဝမ်းနည်စွာ ပြန်ဖြေ
လာတယ် ။ " အခုလေးတင် ငါ ကြီးကြီး တစ်
ကောင်ဆွဲလိုက်တာကို ငါ ခံစားမိလိုက်ပေမဲ့
ချိတ်ကို ဆွဲယူပြီးတာနဲ့ အဲ့ဒါက အလွယ်တကူ
ရေကူးထွက်သွားတယ်!"

" အဆင်ပြေပါတယ်, အစောကြီး ရှိပါသေးတယ်။
နောက်မှာ အဲ့ဒါတွေ ပိုများလာပါလိမ့်မယ်! "
ချောင်ရုံဟွမ် က နှစ်သိမ့်လာခဲ့တယ် ။ သူမက
လမ်းတစ်လျှောက်မှာ သူမ ခူးဆွတ်လာတဲ့
သစ်သီးတွေကို ယူပြီး သူမရဲ့ အသင်းဖော်ထံ
သို့ အနည်းငယ် ကမ်း မပေးခင် ရေရဲ့ အစပ်နား
မှာ ၎င်းတို့ကို ဆေးကြောလိုက်တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now