အခန်း ၂၀ : အနက်ရောင် ဦးထုပ် (၂)

1.4K 185 1
                                    

Zawgyi //




Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ;November 5 , 2022
==================

လက်​ရှိ ရိုက်​ကူးမဲ့ ဇာတ်​ကွက်​ဟာ ​ချောင်​မိုယွီ
ရဲ့ အိမ်​အပြင်​ဘက်​တွင်​ စုံတွဲရဲ့ အငြင်းပွားခန်း
ဖြစ်​သည်​ ။ ထိုအချိန်​တွင်​ ,​ချောင်​မိုယွီ က
ထွက်​ခွာလိုသည့်​ အ​နေနှင့်​ သူမ ဓားကို
တင်းတင်းကြပ်​ကြပ်​ ဆုပ်​ကိုင်​ထားလိုက်​​သော်
လည်းသူမဟာ သူမကို တားမြစ်​ဖို့လာတဲ့
ရယ်​​ဖေးချန်​ နဲ့ ​တွေ့ဖို့ ဖြစ်​လာတယ်​ ။

အမျိုးသားက သူမ လက်​​မောင်းကို လက်​တစ်​ဖက်​နဲ့ ဆုပ်​ကိုင်​ပြီး သူ့မျက်​လုံး​တွေရဲ့ အနက်
ဆုံး​အပိုင်း၌ မူန်​မိုင်း​နေတဲ့ နာကျင်​မူနှင့်​ ,
သူက သနားခံ​ပြောလာတယ်​ : " လက်​စား​ချေ
ဖို့ မင်းအခု ထွက်​သွားမယ်​ဆိုရင်​ , မင်း ​သေတာနဲ့ပဲ အဆုံးသတ်​ရလိမ့်​မယ်​!"

သူမက သူ့စကားကို ကြားတဲ့အခါ မယုံကြည်
နိုင်​စွာ ​မော့ကြည့်​လိုက်​ပြီး , " ရှင်​ဘာကို ဆိုလို
တာလဲ ? "

" ယန်​အာ , မဆင်​မခြင်​ မလုပ်​ပါနဲ့ကွာ ,
သေချာ​စဉ်းစားပြီး အစီအစဉ်​ တစ်​ခု ဆွဲ
ပြီးမှ လုပ်​ကြရ​အောင်​​လေ​နော်​ "
ရယ်​​ဖေးချန်​ က ​ချောင်​မိုယွီ ရဲ့ ပခုံးကို
အ​လောတကြီး ဆုပ်​ကိုင်​ထားခဲ့တယ်​ ။

သူမက သူ့ကို ​မော့ကြည့်​ပြီး ခက်​ထန်​စွာ
ပြန်​ပက်​လာခဲ့တယ်​ ,
" သူက ကျွန်​မ အ​ဖေ , ရှင့်​ရဲ့ ဆရာ ။ ကျွန်​မ
ဘယ်​လိုလုပ်​ ​စောင့်​နိုင်​မှာလဲ ?"

ဒါရိုက်​တာ : " Cut !"

သူက ​ချောင်​မိုယွီကို မျက်​​မှောင်​ကြုတ်
ကြည့်​ကာ အကြံ​ပေးလာတယ်​ ,
" မိုယွီ , မင်း​ရှေ့က အမျိုးသားက မင်းရဲ့ချစ်​သူ
နော်​ ။ မင်းအ​ဖေက အသတ်​ခံခဲ့ရတယ်​,
ဒါ​ပေမဲ့ မင်းချစ်​သူက လက်​စား​ချေဖို့ တုံ့ဆိုင်း
နေတယ်​ ။ မင်း စိတ်​ထဲမှာ ဘယ်​လို ခံစားချက်
ဖြစ်​​နေသင့်​တာလဲ ? စိတ်​ပျက်​မူနဲ့ ပူ​ဆွေး
သောက​တွေ ​ရောက်​သင့်​တာမလား? ​ဒေါသ
နည်းနည်း ​တောင်​ ပါ​နေရမှာ မဟုတ်​ဘူးလား?"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now