အခန်း ၅၅ ။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးချက်ရလဒ် (၁)

1.1K 161 1
                                    

အခန်း ၅၅ ။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးချက်ရလဒ် (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: April 8 , 2023
========================

" အာရုဏ်ဦးရဲ့ ပထမဆုံးအလင်း " အတွက်
တရားဝင် ဘလောဂ်တွင် မှတ်ချက်များစတင်ပေါက်ကွဲထွက်လာတယ် ။

" ဘုရားရေ ချောင်မိုယွီ ! သူမက
ချောင်ရုံဟွမ် နဲ့ကျန်းချန်ချန် နှစ်ယောက်လုံးကို အနိုင်ယူသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး! "

" အားးးးးးး!! ငါ့ရဲ့ နတ်ဘုရားမ! ငါ အရမ်း
ပျော်တာပဲ ။ ငါ့ ကောင်လေး ငါ့ကို ဝန်ခံခဲ့တဲ့
အချိန်ကထက် အများကြီး အများကြီး ပိုတယ်!အစ်မ မိုယွီ သူမလက်ဗလာတွေနဲ့ ဘုတ်ပြားတွေကို ခွဲ ပြတဲ့ အချိန်က ငါ ချက်ချင်း ချစ်မိသွားတော့ တာ ပဲ! "

" စကားမစပ်, အမျိုးသားက ဘယ်သူလဲ?
တရားဝင် ကြေညာချက်မှာ ဘာလို့ မပါတာလဲ?ဒီ ပေါင်ပေါင်လေးက သိချင်တယ်!"

" အားးးးးး! အဲ့ဒီ အမျိုးသားက ဘယ်သူလဲ
ငါသိချင်တယ်!"

" အထက်က မှတ်ချက်ပေးတဲ့ တစ်ယောက်ရေ,ငါကြားတာတော့ audition ရဲ့ ဒုတိယနေ့မှာ ရုပ်ရှင်ဧကရာဇ် ယဲ့ က စတူဒီယို လာလည်ဖို့စီစဥ်ထားခဲ့တယ်တဲ့ ။ ငါ့အစ်မ လုလု ပြောတာက သူမ သူ့ကို အဲ့ဒီမှာ မြင်လိုက်တယ်တဲ့! အဲ့ဒါသူပဲ ဖြစ်ရမယ်! "

" ဘုရားရေ တကယ်ကြီး လား? အဲ့ဒီ အမျိုးသားက ရုပ်ရှင်ဧကရာဇ် ယဲ့ လား? ! အားးးး ငါ သူ့တို့
သရုပ်ဆောင်တာကို  မြင်ရတော့မယ်! "

" ဒါပေမဲ့  သူ မဟုတ်တာလဲ ဖြစ်နိုင်တယ်မလား?ရုပ်ရှင်ဧကရာဇ် ယဲ့က လက်ရှိမှာ
ဘယ် TV စီးရီးတွေကိုမှ ပါဝင်ဖို့ အစီအစဥ်
မရှိဘူးလို့ ပြောတယ် မဟုတ်လား? "

" သူ အဲ့ဒါကို ပြောခဲ့တဲ့ ပုံပဲ! ဒါပေမဲ့ အဲ့ဒီ အမျိုးသားက ရုပ်ရှင်ဧကရာဇ် ယဲ့ ဖြစ်ဖို့
ငါ မျှော်လင့်တယ်! "

" ဒါ ဆီလျော်မူ မရှိဘူးမလား? ငါတို့က အခု
ဒီမှာ အမျိုးသမီး သရုပ်ဆောင် အကြောင်းပြောနေကြတာလေ! ရိုးရိုးသားသားပြောရရင် တရာဝင်ကြေညာချက်မှာ ချောင်မိုယွီ
ကိုဖော် ပြထားတာက  ပိုပြီး အံသြစရာကောင်းတယ်!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now