အခန်း ၆၁ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ

877 130 2
                                    

အခန်း ၆၁ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ



Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: April 29  , 2023 (Saturday  )
========================

သူတို့နူတ်ခမ်းတွေ တွေ့ဆုံသွားတဲ့
အခိုက်အတန့်မှာပဲ , ချောင်မိုယွီရဲ့
ခန္ဓာကိုယ် တစ်ခုလုံး  တုန်ယင်သွားပြီး
သူမက သူမ မျက်လုံးတွေကို
ရုတ်ခြည်းဖွင့်လာခဲ့တယ် ။

ဒါပေမဲ့ သူမ ရှေ့က အမျိုးသားဟာ
သိသိသာသာပဲ သူမကို အခွင့်အရေး
မပေးဘူး ။ အထိအတွေ့က သူမကို
တောင့်တင်းသွားစေကာ, ယဲ့ဖေးချန် က သူမ ခါးကို သူ့ရဲ့ အခြား လက်မောင်းနဲ့
ထွေးပတ်ပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့တယ် ။ သူ့ရဲ့ ချောနေတဲ့
လျှာက သူမ သွားတွေထဲ ချက်ချင်း
ထိုးကလော်လာခဲ့တယ် ။

ရုတ်တရက်, ချောင်မိုယွီ ဟာ သူမနှလုံးသားက ဒရမ်တစ်ခုလို ကျယ်လောင်စွာ ခုန်လူပ်နေတာကို ခံစားလိုက်ရတယ် ။
ယဲ့ဖေးချန်ရဲ့ တမူးထူးခြားတဲ့ ကျူးကျော် ရန်စမူက သူမ နူတ်ခမ်းတွေကို ခွဲ သွားစေပြီး သူမ ဦးနှောက်ကို ဗလာ ဖြစ်သွားစေခဲ့
တယ် ။ အလိုအလျောက်ပဲ, သူမဟာ
သူမလက်ကို ယဲ့ဖေးချန်ရဲ့ ပွေ့ဖက်မူထဲက ဆွဲထုတ်ပြီး သူ့ကို ပြင်းထန်တဲ့ အားနဲ့ အဝေးတွန်းထုတ်ပစ်လိုက်တယ်!

" ကဒ်! " ဒါရိုက်တာဖန်းက သူမကို ကြည့်ပြီး
ပြောလာသည်, " မိုယွီ, မင်းဘာလုပ်တာလဲ?
မင်းဇာတ်ကောင်ရဲ့ လက်ရှိအခြေအနေက ဖျားနာပြီး အားနည်းနေတာလေ, ဒါကို သူမက ယဲ့ဖေးချန်ကို အဝေး တွန်းထုတ်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ?
မင်း အားနည်းနေတဲ့ အခြေအနေမှာဆိုရင်, အမျိုးသားတစ်ယောက်ထက် သန်မာတဲ့
ပုံ မပေါ်စေနဲ့လေ "

ချောင်မိုယွီ အနည်းငယ် ရှက်ရွံ့သွားခဲ့တယ် ။
သူမက တကယ်ကြီး အခြားသူတွေနဲ့ အရမ်းနီးနီးကပ်ကပ်နေ နေကျ မဟုတ်ဘူးရယ် ။သူမအမြန် တောင်းပန်လိုက်သော်လည်း
ထိုခဏမှာ တစ်စုံတစ်ခုကို နားလည်သွားတယ်, ' ယဲ့ဖေးချန်က သူ့ရဲ့ လူစားထိုးနဲ့ အစားမထိုးတာလား?'

" ကျွန်မ တောင်းပန်ပါတယ် ", သူမ သူ့ကို
တောင်းပန်လိုက်တယ် ။ သူ့ရဲ့ နက်မှောင်ပြီး
မရှင်းလင်းတဲ့ စူးစိုက်အကြည့်ကို သတိပြုမိလို့သူမ ရှင်းပြလိုက်တယ်,
" ရုပ်ရှင် ဧကရာဇ်ယဲ့ ,
ကျွန်မ ရှင့်ကို အဝေးတွန်းထုတ်ပစ်ဖို့ မရည်ရွယ်ပါဘူး, ကျွန်မက အဲ့ဒါကို
နေသားမကျလို့ပါ "

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now