အခန်း ၉၇ ။ နိူင်းယှဥ်ခြင်း (၂)

333 31 3
                                    

အခန်း ၉၇ ။ နိူင်းယှဥ်ခြင်း (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: December 25 ,  2023 ( Monday )
======================

" ငါ့ ကောင်လေး တောင် ငါ့ကို မသယ်နိုင်ဘူး။
ငါက ပေါင် ၉၀ ပဲ ရှိတာပါ ဒါပေမဲ့ ငါက ဝ တယ်
လို့ သူ အမြဲပြောတယ်! အစ်မ မိုယွီ, မင်း ချစ်သူ
ကောင်မလေး လိုချင်သေးလား? အစ်မ အတွက်
ညီမကောင်လေးကို ညီမ ပစ်ထားခဲ့လိုက်မယ်!"

" အစ်မကြီး မိုယွီနဲ့ အတူရှိနေရတာ လုံခြုံတယ်
လို့ မခံစားရဘူးလား? ကြည့်လိုက်, သူမက
သူမကျောပေါ်မှာ ချန်းချန် နဲ့ တောင်ပေါ်ကို
၁၀ မီတာ ကျော် လမ်းလျှောက်ပြီး သွားပေမဲ့
မြေပြင်ပေါ်မှာ သူမ လမ်းလျှောက်နေတာထက်
ဘာမှ ပိုပြီး မကွဲ ပြားသွားတဲ့ ပုံပဲ!"

" အစ်ကိုယွီ, လက်ထပ်ခွင့် တောင်းခံပါတယ်!"

"အစ်ကိုယွီ, လက်ထပ်ခွင့် တောင်းခံပါတယ်!"

နောက်မှာတော့, တိုက်ရိုက်ထုတ်လွှင့်မူတွင်
လူတွေပိုပို ပြီး စုရုံးလာကြတယ် ။
'လက်ထပ်ခွင့် တောင်းခံပါတယ်' ဆိုတဲ့ စာစုက
စက်ခရင်ကို ပြည့်သွားခဲ့သည် ။

အတော်လေးကြာပြီးနောက်, တစ်စုံတစ်ယောက်
က မှတ်ချက်ပေးလာခဲ့တယ်,
" အိုးမိုင်ဂေါ့, အစ်ကိုယွီက သူ့ကျောပေါ်မှာ
ချန်းချန်ကို သယ်ထားတာ အခုဆို ၁၀ မိနစ်ကျော်
ပြီ ဟုတ်တယ်မလား? သူမ မရပ်သေးဘူးလား?!"

" ဟုတ်တယ်! အစ်ကို ယွီက အရမ်း ခန့်ညားတာပဲ! ဝုလီ အမျိုးသား နတ်ဘုရား တစ်ယောက်ပဲ!"

(ET/N: wuli– 'ချောမောခန့်ညားမူ' အတွက်
ကိုးရီးယား နှင့် တရုတ်တွင် သုံးသည့် ဗန်းစကား)

" ဝုလီ အမျိုးသားနတ်ဘုရား! "

ပြီးနောက်မှာတော့, စက်ခရင်ဟာ မှတ်ချက်များ
နှင့် နောက်တစ်ကြိမ် ပေါက်ကွဲလာခဲ့ပြန်တယ်။

သို့သော်ငြားလည်း, ဖန်တွေရဲ့
စိတ်အားထက်သန်မူကို လုံးဝ မသိရှာတဲ့
ချောင်မိုယွီ က သူမကျောပေါ်မှ ချန်းချန် နှင့်
အတူ မြစ်နဘေးသို့ ရောက်လာခဲ့တယ်။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now