အခန်း ၃၃ : အမျိုးသမီး နံပါတ် ၁ (၃)

1.2K 165 1
                                    


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; January 21, 2023
==================

ချောင်​မိုယွီက စူပါမားကတ်​ကို အရင်​ဆုံး
သွားလိုက်​သည်​ ။ ည​နေခင်းတွင်​ သူမသား
အတွက်​ ပါဝင်​ပစ္စည်းအချို့ဝယ်​ပြီး ဟင်းခွက်
အနည်းငယ်​ ချက်​​ပေးဖို့ စီစဉ်​လိုက်​တယ်​ ။

နောက်​ပြီး , ရက်သတ္တပတ်​ အ​နေနဲ့ ရှန်းရှီ ရဲ့
ပထမဆုံး အပိုင်းအား ညလယ်​တွင်​ စတင်
ထုတ်​လွှင့်​ခဲ့ပင်​မဲ့ တကယ်​​တော့ ​နောက်​အပိုင်း
တွေ ကို အ​ကောင်းဆုံးအချိန်​ ဖြစ်​တဲ့ ည ၈နာရီ
မှာ ထုတ်​လွှင့်​မှာဖြစ်​တယ်​ ။ ဒါ့အပြင်​ ,
ဒီ​နေ့ရဲ့ အပိုင်းမှာ ​ချောင်​မိုယွီ ရဲ့ ဇာတ်​ကွက်​​တွေအများကြီး ပါ​နေခဲ့တာ​ကြောင့်​ ​ချောင်​မိုယွီ
က သူမ သားနှင့်​ အတူ ကြည့်​ဖို့ စီစဉ်​လိုက်
တယ်​ ။

မကြာခင်​ ​ည​နေခင်း​ရောက်​လာခဲ့တယ်​ ။
ချောင်​မိုယွီက အသားစဉ်းလုံး​လေးများနှင့်
ကျောက်​​ဖရုံသီး စွတ်​ပြုတ်​ပြုလုပ်​ခဲ့ပြီး
လော့​လော့ဟာ ၎င်းကို တစ်​ကိုက်​ စားပြီး
နောက်​ သူ့မျက်​လုံး​တွေက ​ပျော်​ရွှင်​ကြည်​နူး
စွာ ဝင်းလက်​သွားခဲ့တယ်​ ။ ဒါ​ကြောင့်​ သူမ
ပြောလိုက်​တယ်​ , " ​ပေါင်​​ပေ့က မာမားကို
အနမ်းတစ်​ခု ​ပေးရင်​ , မာမားက သားကို
နောက်​ထပ်​ အသားလုံးတစ်​ခု ​ပေးမယ်​"

သူမက သူမပါးပြင်ေ​တွကို ​လော့​လော့ဆီ
မှီချ​ပေးရင်း ​ပြောလိုက်​တယ်​ ။

သူက ရှက်​ကိုးရှက်​ကန်း ​အောက်​ငုံ့သွားတဲ့
အတွက်​ က​လေး​လေးရဲ့ ရှည်​လျားတဲ့
မျက်​​တောင်​​လေးများဟာ တွဲလဲခို​နေခဲ့တယ်​။
သူ့မျက်​နှာ​လေးက လုံးဝ နီရဲ​နေပင်​မဲ့ ​သူဟာ
နောက်​ဆုံး​တွင်​ သတ္တိစုစည်းပြီး ​ချောင်​မိုယွီ
ကိုနမ်းခဲ့တယ်​ ။ သူ့အ​မေရဲ့ အမူအရာကို မြင်
တဲ့အခါ , က​လေး​လေးက ဝမ်း​မြောက်​ကြည့်​နူး
စွာရယ်​​မောပြီး သူမကို တီးတိုး​ပြောလိုက်
တယ်​," အသားလုံးတစ်​လုံး စားရ​အောင်​လို့
မာမားလဲ ​ပေါင်​​ပေ့ကို နမ်းသင့်တယ်​ "

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now