Descripton

10K 441 22
                                    

All Around Mid Leaner

မူရင်း စာရေးသူ - Die Zhiling

Chapter - 210+ extra

Genre – Yoai, Comedy, E sport, Romance.

ချီရှို့ (Gong) + ယဲ့ရှောက်ရန် (Shou)

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး။

အညွှန်း

ကားတိုက်မှုမှ နိုးထလာပြီးနောက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင် esport ကစားသမား ယဲ့ရှောင်းယန်က သူဟာ သူကိုယ်တိုင်ပင် မရှင်းလင်းသေးသော ABO လောကဆိုသည့် နေရာတစ်ခုသို့ အမှိုက်တင်ဆက်သူတစ်ယောက်ကိုယ်ထဲသို့ ကူးပြောင်းလာကြောင်း သိလိုက်ရသည်။

ဒီဘဝတွင် သူ့ကိုယ်သူ ထောက်ပံ့ရန်အလို့ငှာ ယဲ့ရှောင်းယန်က အလုပ်ဟောင်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး esport လောကတွင် နေရာတစ်ခု ရအောင် အဆင့်မြင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏ထူးချွန်ပြောင်မြောက်သော ပါရမီကြောင့် လျင်မြန်စွာဖြင့် အောင်မြင်ကျော်ကြားသော ကလပ်တစ်ခုနှင့် စိတ်ချရသည့် စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် သူက အဖွဲ့သစ်နှင့် ပထမဆုံး ကြုံရသော အချိန်တွင်ပင် မမျှော်လင့်ထားစွာပင် အသင်းခေါင်းဆောင် ချီရှို့၏ အရှေ့တွင် အိုမီဂါတစ်ယောက်၏ အခွင့်အရေးကို ကိုယ်စားပြုသူ တစ်ယောက် ဖြစ်သွားခဲ့ရသည်။

ချီရှို့က သူ၏အသင်းဖော်အသစ်ကို တစ်ကိုယ်လုံးကို စစ်ဆေးပေးဖို့ ဆေးရုံသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ထိုကောင်လေးက သူ့ကို အနည်းငယ် အရည်လဲ့နေပြီး တောက်ပသည့် မျက်ဝန်းဖြင့် မော့ကြည့်လာသည်။ သူ့၏မျက်ဝန်းထောင့်များက နီရဲနေပြီး အသံကလည်း အနည်းငယ် ဩရှနေသည်။

"ခေါင်းဆောင် ဆရာဝန်ပြောတဲ့စကားအရ ကျွန်တော်က ဖိနှိပ်ဆေးတွေနဲ့ မတည့်ဘူး ဒါကြောင့် ခေါင်းဆောင်က ကူညီပေးလို့ ရမလား"

"... မင်းကို ဘယ်လို ကူညီရမှာလဲ"

ချီရှို့က ပြန်မေးလိုက်သည်။ ယဲ့ရှောင်းယန်က ချီရှို့ကို ချက်ချင်း ကျောပေးလိုက်ပြီးနောက် ပြောသည်။

"ကျွန်တော့်ကို ယာယီအမှတ်အသားပြု လိုက်ပါ။ ဒီနေရာကို တစ်ချက်လောက် ကိုက်လိုက်.. ကျေးဇူးပါပဲ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now