Part 2

2.3K 284 6
                                    

အပိုင်း (၂)

ယဲ့ရှောင်းယန်က တံခါးကို တွန်းဖွင့်လိုက်သည်။ အဖြူရောင်ကြောင်လေးတစ်ကောင်က သူ၏ကိုယ်နား ခုန်တက်လာပြီးနောက် သူ၏ဘောင်းဘီခြေထောက်နားကိုသာ ခေါင်းလေးနဲ့ တိုးဝှေ့‌နေတော့သည်။ သူကကြောင်များကိုချစ်သည်။ ထိုကောင်လေးက Ragdols ပုံစံမျိုးဖြစ်သည်။ သူ၏လည်ပင်းနှင့်နားတွင် အမွှေးထူလေးများဖြင့် ခပ်အိအိမာဖလာလေးတစ်ခုရှိနေသေးပြီး အညိုရောင်ရှဉ့်လေးလို အမွှေးပွလေးကို ပိုင်ဆိုင်ထားသည့် ထိုကြောင်လေးတွင် သလင်းသားလို ကြည်လင်သော အပြာရောင်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်သေးသည်။ ထို့ကြောင့် ထိုကြောင်လေးသည် နှစ်လိုဖွယ်ကောင်းကာ ချစ်စရာကောင်းနေသည်။

ယဲ့ရှောင်းယန်က ကြောင်လေးကိုကောက်ပွေ့လိုက်ပြီးနောက် လမ်းလျှောက်ရင်း အော်ကြည့်လိုက်သည်။

"တစ်ယောက်ယောက်ရှိလား"

မည်သည့်ပြန်ဖြေသံကိုမှ မကြားရချေ။ သို့သော် သူ၏လက်မောင်းထဲတွင် ထွေးပွေးထားသော ကြောင်လေးထံမှ မြောင် ဆိုသောအသံသာ ထွက်လာသည်။ ယဲ့ရှောင်းယန်က သူ၏ခေါင်းလေးကို အသာပွတ်သတ်ပေးနေရင်း ပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်သည်။

သူဟာ အိပ်ခန်း (၄) ခန်း၊ ဧည့်ခန်း (၂) ခန်း ပါသော နေရာတစ်ခုတွင် ရောက်နေကြောင်း သိလိုက်ရသည်။ သူကလေသာဆောင်ဘက်သို့ ထွက်လိုက်ပြီး အပြင်သို့တချက်ကြည့်လိုက်သောအခါ ထိုအိမ် community တစ်ခုလုံးက အလွန်ကောင်းကြောင်းသိလိုက်ရသည်။ သူနေသောတိုက်ခန်းက (၁၀) ထပ် သို့မဟုတ် ထိုထက်မြင့်သော အထပ်တွင် ရှိလောက်သည်။ အကြောင်းကိုက တစ်ချက်ကြည့်ရုံဖြင့်ပင် စတုရန်းမီတာ (၁၅၀) ကျော်ခန့်ကို မြင်နိုင်သောကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် ကြမ်းပြင်တွင်တံမြတ်စည်းလှည်းနေသော (၁.၇) မီတာ သို့မဟုတ် ထိုထက် ပိုမြင့်နိုင်သည့် AI စက်ရုပ်က ရှိနေသည်။

ယဲ့ရှောင်းယန်၏ အကြည့်ကို အာရုံခံမိသလိုမျိုး စက်ရုပ်၏ခေါင်းက မော့လာပြီးလောက် အပြာရောင်အလင်းက လက်လာသည်။ ထိုသို့ဖြင့် သူ၏ပါးစပ်မှ ကြည်လင်ပြတ်သားသော ကလေးတစ်ယောက်လိုအသံက ထွက်လာသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးOpowieści tętniące życiem. Odkryj je teraz