Part 63

1.2K 188 2
                                    

63 01

အပိုင်း (63)

နေ့လယ်တစ်နာရီခွဲတွင် နည်းပြလင်းက လေ့ကျင့်ရေးခန်းသို့ ရောက်လာသည်။ သူက လူတိုင်းကိုလည်း သတ်မှတ်ရာနေရာ အသီးသီးတွင် ဝင်ထိုင်စေပြီးနောက် ချက်ချင်းလိုလို ကြေညာသည်။

"ငါမင်းတို့အားလုံးကို ပြောချင်တဲ့ စကားအနည်းငယ်ရှိတယ်၊ ပထမဦးဆုံး ရှောင်းယန်ရဲ့ စာတမ်းတွေအားလုံးကို လုပ်ဆောင်လို့ ပြီးသွားပြီ၊ leagueရဲ့ တရားဝင်စည်းကမ်းထိန်းသိမ်းရေး ဌာနကလည်း ငါတို့ကို နောက်အပတ် ဗုဒ္ဓဟူးနေ့မှာထျန်းဟွမ်ရဲ့ အခြေအနေကို လာစစ်မယ်လို့ပြောထားတယ်၊ ဒီတော့ မင်းတို့ကလည်း အဲဒီအချိန်ကျရင် သူတို့ရဲ့ စစ်ဆေးမှုနဲ့အညီ ပူးပေါင်းပေးပါလို့ မျှော်လင့်တယ်"

လူတိုင်းက တည်တည်ငြိမ်ငြိမ်နှင့် နားလည်​ကြောင်း ခေါင်းညိတ်ကြသည်။ လင်းဖုန်းက ချီရှို့ကို စာတစ်စောင်ဖြစ်သည်။

"ဒုတိယအချက်အနေနဲ့ season9ရဲ့ ပွဲစဥ်ဖိုင်နယ်က ဒီအပတ်-ညပိုင်း နိုဝင်ဘာ၁၁ ၂နာရီမှာ စတင်လိမ့်မယ်၊ မြို့တော်ရဲ့ esport ခန်းမကြီးမှာကျင်းပမှာ၊ leagueကလည်း အဓိကအသင်းတွေကို အတတ်နိုင်ဆုံး တိုက်ရိုက်ကြည့်ရှုကြတဲ့ ကြည့်ရှုသူတွေဆီက အားပေးမှုတွေကို ခံယူဖို့ တက်စေချင်နေတယ်၊ ဒီတော့ ငါမင်းတို့ရဲ ထင်မြင်ချက်ကို လာမေးတာ၊ မင်းတို့တွေ ဖိုင်နယ်ကို တိုက်ရိုက်သွားကြည့်ချင်လား"

ကစားသမားတိုင်းက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်​ယောက်ကိုယ်တစ်ယောက် ကြည့်သည်။

ချန်းရှင်းက ခပ်တိုးတိုးပြောသည်။

"ငါတို့က ရှုံးထွက်ပွဲစဥ်ရဲ့ ပထမတစ်သုတ်မှာတင် အဖယ်ခံလိုက်ရတာလေ၊ ဒီလိုတိုက်ရိုက်သွားကြည့်တော့ အလှောင်မခံရနိုင်ဘူးလား"

ရှဲ့ရှောင်းထျန်းကလည်း ခပ်တိုးတိုး ပြန်ပြောသည်။

"ငါတော့ စင်မြင့်ကိုသွားချင်တယ်၊ ငါဂိမ်းပွဲကို တိုက်ရိုက်ကြည့်ချင်တယ်၊ ဂိမ်းပွဲကို တိုက်ရိုက်ကြည့်တာက အခြေစိုက်စခန်းကနေ vdကို ပြန်ကြည့်တာနဲ့ ခံစားချက်ချင်း ကွာလိမ့်မယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးOnde as histórias ganham vida. Descobre agora