Part 65

1.1K 181 0
                                    

65 01

အပိုင်း (65)

ညခြောက်နာရီခွဲတွင် season9ရှုံးထွက်ပြိုင်ပွဲအတွက် ယှဥ်ပြိုင်ရမည့် နှစ်သင်းလုံးက စင်ပေါ်တွင်နေရာယူထားပြီဖြစ်သည်။ မိုးခြိမ်းသံအမျှ ကျယ်လောင်သော လက်ခုပ်များကလည်း ပွဲကြည့်စင်များဘက်မှ ဟိန်းထွက်လာနေသည်။

ယဲ့ရှောင်းယန်က ဒုတိယထပ်မှ ထိုင်ခုံများတွင် ထိုင်နေခြင်းဖြစ်သည်။ သူကလည်း ပွဲကြည့်စင်တွင်ရှိနေကြသော လူတိုင်း၏ စိတ်အားထက်သန်မှုကို ခံစားမိနိုင်သည်။ အနောက်ဘက်တန်းများတွင်လည်း အထောက်အပံ့ပေးရန် သယ်လာခဲ့ကြသည့် ကြီးမားလွန်းသော အလံကြီးများကို လိပ်ထားရာမှ ​ဖြည်လိုက်ကြပြီဖြစ်သည်။ ထိုသို့ဖြင့် ဖန်များ၏ ချိုးဖောက်မတတ် စူးရှလွန်းသော အော်ဟစ်သံများက ကောင်းကင်ကိုပင် ခွဲထုတ်နိုင်လောက်သည်။ ခရမ်းရောင်ရင့် ယူနီဖောင်းကို ဝတ်ဆင်ထားကြသော teamကျင်းကျယ်နှင့် အဖြူရောင် ယူနီဖောင်းကို ဝတ်ထားကြသော teamပင်းဟွန်းတို့က စင်မြင့်တွင် ဘယ်နှင့်ညာ နေရာယူထားသည်။ သူတို့က talentစင်မြင့်ပေါ်တွင် ရပ်နေကြပြီး လူအုပ်ကို ဂါရဝ ပြုသည်။ ထို့နောက် အသံလုံခန်းအသီးသီးသို့ သွားကြသည်။

ကင်မရာက ကစားသမားတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများကို ဖမ်းယူရိုက်ကူးထားသည်။ တရားဝင်ခန့်အပ်ထားသော ထင်မြင်ချက် ပေးသူများကလည်း ဒီညတွင် ယှဥ်ပြိုင်မည့် ကစားသမားများအကြောင်းကို စတင် မိတ်ဆက်ပေးကြသည်။

"နောက်ထပ်တစ်ဆင့်အနေနဲ့ ငါတို့ကမင်းတို့ထဲက ဘယ်သူနဲ့မှ မစိမ်းတဲ့ ကစားသမားအကြောင်းကို ပြောပြချင်ပါတယ်၊ ဒါကတော့ team ပင်းဟွန်းပဲ့ ခေါင်းဆောင် ချန်းချန့်ဟွားပါပဲ၊ သူက season6မှာကတည်းက ပွဲဦးထွက်ခဲ့တဲ့ လူဟောင်းကစားသမားတစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့အဖွဲ့ချုပ်မှာ လေးနှစ်တာအတွေ့အကြုံနဲ့ အဓိက ဂိမ်းပွဲကြီးတွေမှာ အတွေ့အကြုံတွေအများကြီးကို ပိုင်ဆိုင်ထားသေးတယ်"

ဖန်သားပြင်တိုင်းတွင်လည်း ချန်းချန့်ဟွား၏ မျက်နှာကို ရိုက်ပြသည်။ သူက အရှေ့ရှိ ကင်မရာကိုကြည့်ပြီး ဖျော့တော့စွာပြုံးသည်။ ထို့နောက် လက်ရမ်းပြသည်။ ထိုသို့ဖြင့် ပွဲကြည့်စင်ဘက်မှ စူးရှသော အော်သံများက ထွက်ပေါ်လာပြန်သည်။ ဒီတစ်ကြိမ်တွက် ရဲတင်းသော ပရိသတ်များလည်း ပါသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now