Part 39

1.5K 227 5
                                    

39 01

အပိုင်း (၃၉)

စင်မြင့်ပေါ်ရှိ အသံလုံခန်းထဲတွင် လူအိုကြီးနျဲ့နှင့် စုန့်ယွီနင်တို့က အချင်းချင်း ဖက်နေကြသည်။ သူတို့က မျက်ရည်ကို မနည်းထိန်းနေရသည်။ သည်နှစ်ယောက်လုံးက အနားယူစာ တင်ပြီးလေပြီ။ သည်ပွဲက သူတို့ ပရိုလိဂ်က မထွက်ခင် နောက်ဆုံး ကစားရသည့် ပွဲဖြစ်သည်။ ကံဆိုးစွာဖြင့် သူတို့က ရှုံးသွားသည်။

အဆုံးအဖြတ်ဂိမ်းပွဲ၏ နောက်ဆုံး အရေးကြီးသော နဂါးဘေးပတ်ဝန်းကျင်မှ တိုက်ပွဲအတောအတွင်း ရန်သူတိုက်ခိုက်သူများကြောင့် သူတို့က ထပ်ခါတလဲလဲ အသတ်ခံခဲ့ရသည်။ သူတို့အနေဖြင့် ထိုအချိန်က ခံစားခဲ့ရသည့် ဆိုးရွားသော ခံစားက စကားလုံးဖြင့်ပင် မဖော်ပြနိုင်ချေ။ လူအိုကြီးနျဲ့က အမြဲတစေ ပျော်ရွှင်စွာ နေတတ်သူ ဖြစ်သည်။ သို့သော် ထိုတစ်ခဏတွင် သူ ကိုယ်တိုင်ကပင် စိတ်ပျက်အားငယ်နေသော ခံစားချက်မျိုးကို မထိန်းသိမ်းနိုင်ခဲ့ချေ။ သူက သူချစ်ရသော တိုက်ပွဲနယ်မြေမှ အရှုံးဖြင့် ထွက်ခွာရတော့ပေမည်။ သူ၏အခြေအနေက ဖိအားများသော ဂိမ်းပွဲများကို ဆက်ကစားလောက်အောင် အခြေအနေ မကောင်းတော့ချေ။ သူက ထိုအခြေအနေကို လက်မခံလိုသော်လည်း ရွေးချယ်စရာ မရှိတော့ချေ။ ချီရှို့က ထရပ်သည်။ သူက အဘိုးကြီးနျဲ့နှင့် အားနင်တို့နောက်သို့ သွားလိုက်ပြီး အသင်းဖော်နှစ်ယောက်ကို အသာဖွဖွ ဖက်လိုက်သည်။ လေသံတိုးတိုးဖြင့် စကားစပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့ ငါတို့ရှုံးတာက မင်းတို့ နှစ်ယောက်ကြောင့် မဟုတ်ဘူး။ ကျောင်းအမြွှာနှစ်ယောက်က နောက်တန်းကို အဲဒီလို ရုတ်တရက် ရောက်လာမယ် ဆိုရင် လိဂ်က ဘယ်မာ့စ်မန်းကမှ လွှတ်မြောက်နိုင်မှာ မဟုတ်ဘူး"

လူအိုကြီးနျဲ့က မျက်ရည်ကို ထိန်းထားပြီး ချီရှို့ကို ခပ်ကြမ်းကြမ်းဖက်ကာ ပြောသည်။

"နောက်ရာသီမှာ မင်းတို့တွေ ပြင်းပြင်းထန်ထန် ကြိုးစားရမယ်"

ချီရှို့က ခေါင်းညိတ်သည်။

"ငါတို့ ကြိုးစားမှာပါ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now