Part 85

1.1K 153 2
                                    

အပိုင်း (85)

နောက်တစ်ရက်တွင် ထျန်းဟွမ်၏ ကစားသမားများက မြို့တော်သို့ အတူပြန်သွားကြသည်။

ဝေလငါး streamingမှ ချန်းဖေးယွင်ကလည်း စာပို့လာသည်...

[ဟယ်လို နည်းပြလင်း၊ ငါတို့ရဲ့ ပလတ်ဖောင်းက ပြင်ဆင်မှုတွေအားလုံး ​လုပ်ပြီးသွားပြီ၊ ငါတို့တွေ အချိန်မရွေး team ထျန်းဟွမ်အတွက် ကြေညာချက် ထုတ်ပေးနိုင်တယ်၊ မင်းတို့ရဲ့ ကစားသမားတွေက ဘယ်ချိန်လောက်များ နည်းနည်းလောက်စပြီး streamဖို့ စီစဥ်ထားသလဲလို့ မေစပါရစေ ]

နည်းပြလင်းက ပွဲစဥ်များ၏ အချိန်ဇယားကို စစ်ကြည့်လိုက်သည်။ ထျန်းဟွမ်၏ နောက်တစ်ပွဲက နောက်လာမည့် သောကြာမှ ဖြစ်သည်။ ထိုတစ်ကြိမ်အတွက်က team BOBကို ရင်ဆိုင်ရမည်ဖြစ်ပြီး ဒါက group bမှ အဆင့်နိမ့်အသင်း ဖြစ်နေသေးသည်။ ထို့ကြောင့် သူတို့၏ အချိန်ဇယားက ဒီအတောအတွင်း အတော်လေး လျော့နေသေးသည်။

နည်းပြလင်းက ဝေလငါးstreaming၏ ဖိတ်ကြားချက်ကို ခပ်မြန်မြန် တုန့်ပြန်လိုက်ပြီး ဇန်နဝါရီ ၂၅ရက်နေ့ည ၈နာရီမှ ၁၂နာရီအထိ streamမည့် အချိန်ကို ပို့ပေးလိုက်သည်။ သူတို့၏ ဝေလငါး streamingပေါ်မှ စာချုပ်ပါ အချက်အလက်အရ ထျန်းဟွမ်၏ ကစားသမားများက လတိုင်းလိုလို နာရီ၃၀ခန့်အနည်းဆုံး streamလုပ်ရမည်ဖြစ်သည်။ ကြေနပ်ဖွယ်ကောင်းသော အခြေအနေပြီးလောက်မှ သူတို့က ကြည့်ရှုသူများထံမှ လက်ဆောင်များကို လက်ခံရရှိမည်ဖြစ်သည်။ သူတို့က တရားဝင်ဂိမ်းပွဲများတွင် အလုပ်မများနေလျှင် ကစားသမားများကလည်း အချိန်တချို့ရှာပြီး လက်ဆောင်များထံမှ ဝင်ငွေရရှိအောင် streaming လုပ်ရပေမည်။

ဇန်နဝါရီ၂၅ရက်နေ့တွင် ဝေလငါးstreamingက ထျန်းဟွမ်၏ streamအတွက် promotional adsများကို ပလတ်ဖောင်းတစ်ခုလုံး အနှံ့တင်ပေးထားသည်။ ထျန်းဟွမ်၏ official ဘန်ဒါကလည်း ထို app၏ အိမ်စာမျက်နှာတွင် ပလူပျံနေသည်။ ထိုsite၏ စာမျက်နှာတိုင်းလိုလို ထိုတရားဝင် ကြေညာချက်ကို မြင်နိုင်၏။

Team ထျန်းဟွမ် တိုက်ရိုက်ထုတ်လွှင့်မှုကို ဇန်နဝါရီ ၂၅ရက်နေ့ ၂၀ နာရီမှာ စတင်မှာပါ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now