Part 78

1K 166 7
                                    

အပိုင်း (78)

နောက်တစ်ရက်တွင် ချွီကျိုး၊ ဖန်းကျန်းချင်နှင့် အခြားသူများက ကြယ်မြို့သို့ ရောက်လာကြသည့်အခါ နဂိုအစီအစဥ်အတိုင်း အတူတွေ့ဆုံကြမည်ဖြစ်သည်။

ချီရှို့က တစ်ခဏခန့် ဂရုစိုက်စဥ်းစားကြည့်ပြီးနောက် အချိန်တစ်ခု ကြာသည်အထိ သူ၏ မိတ်ဆွေများနှင့်တွေ့ရန် ယဲ့ရှောင်းယန်ကို မခေါ်သွားသေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့ကြားမှ ဆက်ဆံရေးက အတော်လေး မသဲကွဲသေးချေ။ သူတို့အချင်းချင်း စေ့စပ်ပြီးမှ မိတ်ဆွေများနှင့် အတူဆုံကာ အဖွဲ့လိုက် ညစာစားလျှင်လည်း နောက်မကျသေးချေ။

သူငယ်ချင်း၅ယောက် စားသောက်နေကြချိန်တွင် ချွီကျိုးက ချီရှို့၏ စိတ်အခြေအနေက အတော်လေး ကောင်းနေကြောင်း သတိထားလိုက်မိသဖြင့် မနေနိုင်ဘဲ စနောက်လိုက်သည်။

"ချီရှို့ အခုနောက်ပိုင်း မင်းဘဝထဲမှာ ပျော်စရာကောင်းတဲ့ ကိစ္စတွေများ ဖြစ်နေလို့လား"

ချီရှို့က ရဲရင့်စွာ ပြန်ဖြေလိုက်သည်။

"များများစားစားရယ်တော့ မဟုတ်ပါဘူး"

ဖန်းကျန်းချင်ကလည်း ပြောသည်။

"အဲဒီ မင်းတို့ လက်မှတ်ထိုးထားတဲ့ အိုမီဂါက နောက် seasonမှာ starting အထောက်အပံ့အနေနဲ့ ပေါ်လာမှာလား အစားထိုးအနေနဲ့လား"

ချီရှို့က မျက်ခုံးပင့်ကာ ကြည့်သည်။

"ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာ ညစာစားပွဲပဲ၊ ဘာလို့ ငါ့ရဲ့ရန်သူကို သတင်းပေးရမှာလဲ"

ဖန်းကျန်းချင်က ရယ်သည်။

"မင်းမဖြေမှန်း ငါသိပါတယ်"

ချန်းချန့်ဟွားကလည်း အကြောင်းရာကို ပြောင်းသည်။

"ငါကြားထားတဲ့အတိုင်းဆိုရင် နတ်ဘုရားများရဲ့ စစ်ပွဲက season 10မှာ နှစ်ပတ်လည်အ​ဖြစ် အဆင့်မြှင့်လိမ့်မယ်၊ ဒီတော့ ရက်အနည်းငယ်လောက်နေရင် တရားဝင်ကြေညာချက်တောင် ထွက်လာလောက်​​သေးတယ်၊ heroအသစ်အပြင် ဒီအဆင့်မြှင့်တာထဲမှာ ဂိမ်းရဲ့ အပြောင်းအလဲ အချို့တောင် ပါလာလောက်သေးတယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now