Part 74

926 160 4
                                    

74 01

အပိုင်း (74)

ချီရှို့က အခြားအသင်း၏ နတ်ဘုရားများ၏ ရင်းနှီးသောကြောင့် စိုးရိမ်ပူပန်သော စိတ်များကို ရိုးရှင်းသော ကျေးဇူးတင်ပါသည်ဆိုသော စကားလုံးဖြင့် တုန့်ပြန်လိုက်သည်။ သူကလည်း အခြား မည်သည့်စကားကို ပြောသင့်ကြောင်း မသိခဲ့ချေ။

ကျောင်းရှင်းအန်း၏ စိတ်အားထက်သန်စွာဖြင့် ရှောင်ယဲ့ကို သူတို့၏ gp chat ထဲ ထည့်ခိုင်းသော ကိစ္စကိုမူ ချီရှို့က မလှုပ်ရှားခဲ့သေးချေ။

သူကလည်း ကျောင်းရှင်းအန်းက နောက်နေမှန်းသိသည်။

[နတ်ဘုရားများရဲ့ စစ်ပွဲ-အဆင့်လွန် နတ်ဘုရားမ]က membershipအတွက် အလွန်အမင်း တင်းကျပ်သည့် လိုအပ်ချက်များ ရှိနေသည်။ gp chat ထဲရှိ လူတိုင်းကလည်း အဓိကအသင်းများမှ ဘုရင်များ ဖြစ်ကြသည်။ ရှောင်းယန်က အိုမီဂါဖြစ်နေသည်ဆိုသော အချက်ကြောင့်နှင့် ထိုလက်ရွေးစင်အဖွဲ့ထဲသို့ နောက်တံခါးမှ ဝင်နိုင်မည်မဟုတ်ချေ။ ချီရှို့ကသာ သူ့ကို နတ်ဘုရားများ၏ gp chatထဲသို့ ထည့်လိုက်ခဲ့လျှင် သူက လက်ရှိအနေအထားအရ မည်သည့် လုပ်ဆောင်မှုမှ မပြနိုင်သေးသော အသစ်ကလေး ဖြစ်နေသဖြင့် ဒီအတိုင်း အစခံရမည့် ချစ်စရာအသစ်လေးဘဝအဖြစ် ရောက်သွားပေလိမ့်မည်။

နောက်ပွဲစဥ်ကြီးများအတွက် season၏ ကြေညာချက်များက တရားဝင်ကျကျ စတင်လိုက်သည်နှင့် ရှောင်းယန်က mvpဘွဲ့အနည်းငယ်ကို ရရှိပြီးသည့်အခါ သူကလည်း ရှောင်းယန်ကို gp chatထဲသို့ အောင်မြင်မှုများအပြည့်ဖြင့် ထည့်သွင်းနိုင်ပေလိမ့်မည်။

ထိုအခါ gp chatထဲရှိ မည်သူကမှလည်း ရှောင်းယန်ကို စနိုင်တော့မည် မဟုတ်ချေ။

ချီရှို့ကက သူတို့၏ စီမံခန့်ခွဲသူ ထန်းခန်းကို အတွင်း gp chatထဲမှ လှမ်းခေါ်လိုက်သည်..

[@ထန်းခန်း ခန်းကျဲ လဲလှယ်တဲ့siteဘက်က သတင်းတွေက တရားဝင်ဖြစ်သွားပြီ၊ ဘယ်တော့ အသင်းရဲ့ အစီစဥ်တွေကို စမှာလဲ၊ ငါတို့တွေလည်း ကိုယ်ပိုင်ကြေညာချက်တွေကို ထုတ်သင့်ပြီမဟုတ်လား ၊ ဘယ်တော့ ထုတ်မှာလဲ]

ထန်းခန်းကဖြေသည်...

[နည်းပြအသင်းက season10စပြီးမှပဲ တရားဝင်ကြေညာချက်ထုတ်ဖို့ စဥ်းစားထားတယ်၊ ငါတို့ရဲ့team promoပုံတွေကိုလည်း မရိုက်ရသေးဘူး မဟုတ်လား၊ ဒီတော့ ငါတို့ တရားဝင်ကြေညာချက်တွေနဲ့အတူ ငါတို့ရဲ့ နေ့စဥ်နေထိုင်တဲ့ ပုံစံအတွက် သာမန်ကာလျှံကာ ဓာတ်ပုံရိုက်လိုက်လို့ မရဘူးလေ၊ ငါ professional ဓာတ်ပုံ studioတစ်ခုကို ဆက်သွယ်ထားပြီးပြီ၊ မနက်ဖြန်ငါလူတိုင်းကို ဓာတ်ပုံရိုက်ဖို့ studioခေါ်သွားပေးမယ်]

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now