Part 66

1.2K 179 4
                                    

66 01

အပိုင်း (66)

ပုံမှန်အားဖြင့် နောက်ဆုံးအဆုံးဖြတ် ဂိမ်းပွဲတွင် banသော ကဏ္ဍကို ကျော်လေ့ရှိသည်။ မည်သည့်မသင်းကမှ မည်သည့်heroကိုမှ banမည်မဟုတ်ချေ။ သူတို့က တစ်ချိန်တည်းလိုလို သူတို့၏ picksများကို ရွေးချယ်နိုင်သည်။ သို့သော် နောက်ဆုံးဖိုင်နယ်၏ စည်းမျဥ်းဖြစ်သည့် pick and ban ကဏ္ဍကို ဖယ်ထုတ်သော စည်းမျဥ်းကြောင့် ယခင်၄ပွဲလုံးတွင် အသုံးပြုခဲ့သော heroတိုင်းကို ထပ်မံအသုံးပြုနိုင်တော့မည်မဟုတ်ချေ။ ထို့ကြောင့် ထိုheroများက တစ်ဖန်ထပ်ပြီး ပေါ်လာမည်မဟုတ်ချေ။

ကျင်းကျယ်က ယခင်၄ပွဲဆက်တိုက်လုံး အဆိပ်comboကို မသုံးရသေးချေ။

ဆိုတော့ သူတို့က နောက်ဆုံးပွဲမှာ line upအနေနဲ့ ထုတ်သုံးပြတော့မှာလား။ ကျင်းကျယ်က ဒီအဆိပ်comboကို တီထွင်ထားခဲ့တာလေ။ ဒီတော့ သူတို့က ဒီcomboနဲ့ဆိုရင် အရမ်းကို အင်အားကြီးသွားမှာ။

လူအများစုကလည်း ဖန်းကျန်းချင်က သူ၏ signature heroဖြစ်သည့် မြွေဟောက်ဘုရင်ကို ထုတ်သုံးနိုင်မည်ဟု ယူဆနေကြသည်။

သို့သော် အဆုံးတွင် team line upကို အတည်ပြုပြီးသွားသောအခါ ကြည့်နေကြသော လူတိုင်းက အံ့အားသင့်လွန်းပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူတို့သာလျှင် မကသေးလေပဲ ထင်မြင်ချက်ပေးသူ ၂ယောက်လုံးကလည်း မှင်တက်သွားသည်။

ကျင်းကျယ်က တိုးတက်အောင် လုပ်နေရင်း ၂ယောက်ကို ကာကွယ်ကာ သယ်သွားနိုင်သည့် အသင်းcomboကိုသာ ရွေးချယ်ခဲ့သည်။ toplanerဖြစ်သည့် တော်ဝင်သူရဲကောင်းက ဘေးထွက်ရပ်နေနိုင်ပြီး အရင်းမြစ်များကို အခြားသော heroများကို ထောက်ပံ့ပေးပို့နိုင်ဦးမည်ဖြစ်သည်။ junglerဖြစ်သော လူရမ်းကားကလည်း အထောက်အပံ့junglerအဖြစ် ကစားနိုင်သည်။ အထောက်အပံ့ဖြစ်သည့် ကောင်းချီးအလင်းက ဒိုင်းကာစွမ်းရည်နှင့် ထိန်းချုပ်သည့် စကေးကို ပိုင်ဆိုင်ထားသည်။

ဖန်းကျန်းချင်က သူ၏ midlaner heroအဖြစ် မြောက်ပင်လယ်၏ မဟာ စုန်းမကို ယူခဲ့သည်။ ဒါက ဂိမ်းပွဲတွင် စုန်းမကဏ္ဍထဲမှ heroဖြစ်သည့်အပြင် ထိုကဏ္ဍအတွင်းတွင်ပင် ခေါင်းဆောင်အဆင့်မျိုးတွင်ရှိသည့် heroမျိုးဖြစ်သည်။ သူ၏ ပြိုင်ဘက်ကင်းအကွက် ဖြစ်သည့် ပင်လယ်စုန်းမ၏ လွှမ်းမိုးခြင်းအားလှိုင်းက ဖန်သားအမြှောက်ကိုပင် ချက်ချင်းလိုလို အမြစ်ဖြုတ်နိုင်သေးသည်။ သူမ၏ မှော်စွမ်းအင် damage outputကလည်း ဂိမ်းနှောင်းပိုင်းသို့ ရောက်သွားသည်နှင့် အတော်လေးမြင့်သွားတတ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now