Part 50

1.4K 226 2
                                    

အပိုင်း (50)

နောက်တစ်နေ့မနက်ခင်းတွင် ထန်းခန်းက အခန်း၃၀၁တံခါးနားသို့ရောက်လာပြီး တံခါးခေါက်သည်။ တံခါးကို ဖွင့်လာသောသူက ချီရှို့ဖြစ်နေသည်။ ထန်းခန်းက အလွန်အမင်းလေးနက်တင်းမာနေသော မျက်နှာမျိုးဖြင့် ခေါင်းဆောင်ကို ​မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။

"ခေါင်းဆောင်ချီ၊ ဘာလို့အစောကြီးထတာလဲ "

"အိပ်မက်ဆိုးမက်ပြီး နိုးလာတာ"

ချီရှို့က ပြီးပြီးရော ပြန်ဖြေလိုက်သည်။

ဒါက တကယ်ကို အိပ်မက်ဆိုးလို့ခေါ်လို့မရဘူး။ သူရဲ့အိပ်မက်က သူယဲ့ရှောင်းယန်ကို အမှတ်သားပြုတဲ့ ​ဖြစ်ရပ်ရဲ့ အသေးစိတ်အခြေအနေတိုင်းကို ပြန်မက်ရုံပဲ။ အသေးစိတ်အကြောင်းရင်းလို့ သူနိုးလာတာနဲ့ သူ့အနေနဲ့....နောက်ထပ် နာရီဝက်လောက် ရေအေးနဲ့ရေချိုးဖို့ လိုအပ်သွားတယ်။

သူက ကူးပြောင်းပြီးကာစ အရွယ်ရောက် လူငယ်ဘဝတွင် ထိုကဲ့သို့သော အိပ်မက်မျိုး မက်ခဲ့ဖူးသည်။ ဒီနှစ်များတွင် သူကprofectionalကျကျ ယှဥ်ပြိုင်ရန်သာ အာရုံစိုက်ထားခဲ့သောကြောင့် သူ၏ အိပ်မက်များကမူ officialဂိမ်းပွဲများနှင့်သာ ပတ်သက်နေခဲ့သည်။ သူက နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး သူများကို ရှုပ်ရှပ်သွားစေမည့် အိပ်မက်မျိုး မမက်သည်မှာ ကြာလောက်ချေပြီ။ မနေ့ညက အိပ်မက်ကမူ အံ့အားသင့်စရာကောင်းသော အလှည့်အပြောင်းပင် ဖြစ်နေသေးသည်။ ထို့အပြင် သူ၏အိပ်မက်ထဲတွင် ထိုကိစ္စများက ပေါ်လာသည်။

သူတို့နှစ်​ယောက်က စကားပြောနေချိန်တွင် ယဲ့ရှောင်းယန်က အိပ်ခန်းထဲမှ ထွက်လာသည်။ သူက သာမန်ထသွားထလာ အဖြူရောင်လေးကို ပြောင်းလဲဝတ်ထားသဖြင့် ယုံကြည်မှုပိုရှိပြီး ခပ်အေးအေးဖြစ်နေသလို ထင်ရသည်။ အပြုံးကလည်း တောက်ပနေသေးပြန်သည်။

"မင်္ဂလာ နံနက်ခင်းပါ ထန်းခန်းကျဲ၊ ခေါင်းဆောင်ချီ၊ ခေါင်းဆောင်ချီအစောကြီး နိုးနေတာလား"

ချီရှို့က တုံ့ဆိုင်းစွာ ဖြေသည်။

"အင်း"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now