Part 25

1.7K 277 8
                                    

အခန်း (၂၅)

ယဲ့ရှောင်းယန်က VIP ဝင်ပေါက်မှ ဝင်သွားချိန်တွင် LCDဖန်သားပြင်များတွင် ပြထားသည့် သတိပေးချက် စာကြောင်းများကို မြင်လိုက်ရသည်။ အားလုံးကို အနီရောင်စာလုံးဖြင့် ရေးထားသည်။

-ပွဲကြည့်ပရိသတ်များ ကျေးဇူးပြုပြီး လိုက်နာပေးကြပါ။

ယဲ့ရှောင်းယန်က ထိုအချက်များကို ဖတ်၍ပြီးသွားသောအချိန်တွင် သူ၏အရှေ့သို့ အဖြူရောင် ကုတ်ရှည်ဖြင့် အမျိုးသမီးတစ်ယောက်က ရောက်လာပြီး အပြုံးဖြင့် ပြောသည်။

"လူကြီးမင်း လူကြီးမင်းရဲ့ ဖယ်ရိုမုန်းပမာဏ စမ်းသပ်မှု ရလဒ်တွေက ပုံမှန်မဟုတ်တဲ့ အခြေအနေ ထွက်လာပါတယ်။ ဒီမှာ လူကြီးမင်းရဲ့ ဖယ်ရိုမုန်းပမာဏက သုညလို့ ပြောနေတယ်။ ကျေးဇူးပြုပြီး လူကြီးမင်းက ကူးပြောင်းပြီးပြီလားလို့ မေးပါရစေ"

ယဲ့ရှောင်းယန်က ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်က မကူးပြောင်းရသေးပါဘူး"

ထိုဆရာဝန်က သူ့ကို ပိတ်ထားသော ပလက်စတစ်အိတ်လေးတစ်အိတ် ပေးလာသည်။

"ဒီထဲမှာ ကျွန်မတို့ရဲ့ ဆေးပညာအဖွဲ့နဲ့ ဆက်သွယ်ရမဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ တကယ်လို့ ပွဲကြည့်နေရင်းနဲ့ မသက်မသာ ခံစားရတာမျိုး ဖြစ်ခဲ့ရင် ချက်ချင်း ဆက်သွယ်ပေးပါ။ ဒီအထဲမှာလည်း အယ်ဖာနဲ့ အိုမီဂါ ဖယ်ရိုမုန်းဖိနှိပ်ဆေးတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဖယ်ရိုမုန်းကို ယာယီအားဖြင့် ဖိနှိပ်ပေးထားနိုင်တဲ့အတွက် ဒီနေရာမျာ ကူးပြောင်းသွားရင်တောင်မှ ထိန်းချုပ်မှု လွှတ်ကင်းတဲ့ အခြေအနေမျိုး မဖြစ်နိုင်ပါဘူး"

ယဲ့ရှောင်းယန်က ထိုအိတ်ကို လက်ခံလိုက်ပြီးနောက် ထိုဆရာဝန်ကို သေးငယ်တောက်ပပြီး ယဉ်ကျေးသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ဒေါက်တာ"

ထိုဆရာဝန်က လုံခြုံရေးအစောင့်များကထံ အမူအရာ ပြလိုက်ပြီးနောက် သူတို့ကို ရှင်းရှင်းလင်းလင်း ညွှန်ကြားလိုက်သည်။

ယဲ့ရှောင်းယန်က ချင်ရွေ့နှင့်အတူ လုံခြုံရေး စစ်ဆေးသည့်နေရာတွင် အစစ်ဆေးခံလိုက်သည်။ အနီးအနားတွင် မည်သူမျှ မရှိကြောင်း မြင်သောအခါ သူက မနေနိုင်ဘဲ သူ၏ တိတိလေးကို မေးလိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now