Part 1

3.8K 321 21
                                    

အပိုင်း (၁)

ယဲ့ရှောင်းယန်က အသိဝင်လာသောအခါ သူဟာ ကျယ်ပြောသော စာဖတ်ခန်းတစ်ခုအတွင်း ထိုင်နေကြောင်း မြင်လိုက်ရသည်။ စားပွဲခုံပေါ်တွင်လည်း မျက်စိအေးစေသော အလင်းကို လွှင့်ထုတ်နေသည့် ကွန်ပျူတာကို ဖွင့်ထားသလို ကီးဘုတ်နှင့်မောက်စ်မှ အပြာရောင်အလင်းများကို လွှင့်ထုတ်နေခြင်းအားဖြင့် အလွန်အဆင့်မြင့်ကြောင်း သိသာစေသည်။

ဂိမ်း၏မျက်နှာပြင်ကို LCDမျက်နှာပြင်တွင် ပြသနေသည်။ ဖန်သားပြင်၏ အောက်ခြေနားတွင်လည်း စာတစ်ကြောင်းကို ထိုးထားသည်။ ..

Loading လုပ်နေပါတယ် ...

ယဲ့ရှောင်းယန်က သံသယနှင့် စိတ်ရှုပ်ထွေးမှုရောထွေးသော မျက်နှာထားမျိုးဖြင့် ဆက်ကြည့်နေမိသည်။

"ဒါက သူရဲ့ကွန်ပျူတာ မဟုတ်ပါဘူး"

သူ၏ ကီးဘုတ်နှင့်မောက်စ်ကို အဖွဲ့၏စပွန်ဆာတစ်ခုက ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး သူ၏ကို ယ်ပိုင်ပစ္စည်းတိုင်းတွင်လည်း GDအသင်း၏ Logoကို printထုတ်ကာ က ပ်ထားသလို သူ၏ဂိမ်းထဲမှ IDနာမည်လဲပါသည်။ ထို့ပြင် သူ၏ပစ္စည်းများက ထိုသို့ တဖြတ်ဖြတ် လက်နေသော အလင်းမျိုးကို မလွှင့်ထုတ်ချေ။ ထို့ပြင် သူ၏ကွန်ပျူတာနှင့် မော်နီတာက လဲ ယခုလိုပုံစံမျိုး မဟုတ်သေးပေ။

ဘာတွေ ဖြစ်နေတာလဲ။

သူ အိပ်မက် မက်နေတာလား။

ထိုအချိန်တွင် Loading လုပ်နေသော ဘားက 100%ပြည့်သွားပြီး ကွန်ပျူတာ၏ monitarက တောက်ပလာသည်။ ထိုသို့ဖြင့် ယဲ့ရှောင်းယန်၏ နားဖုံးနားကြပ်မှ တက်ကြွသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"Gods Warကို ဝင်ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်"

ယဲ့ရှောင်းယန်က မျက်တောင်တစ်ချက် ခတ်လိုက်သည်။ မဟုတ်သေးပါဘူး...

"ဒဏ္ဏာရီတို့ရဲ့အဖွဲ့ချုပ်ကို ကြိုဆိုပါတယ်ဆိုပြီး ဖြစ်ရမှာ မဟုတ်ဘူးလား"

"Gods War ဆိုတာက သောက်ကျိုးနည်းကို ဘာကြီးလဲ"

ယဲ့ရှောင်းယန်က မှင်တက် အံ့ဩမှုအပြည့်နှင့် ဖန်သားပြင်၏ ညာဘက်အောက်ခြေနားသို့ ကြည့်လိုက်သည်။ ထို့နောက် ဖန်သားပြင်၏ ညာဘက်တစ်ခြမ်းလုံး ဖြတ်သန်းနေသော အဖြူရောင်နှင့် ပေါ်လာသည့် ကျည်ဆံများလို ကောမန့်ပေါင်းများစွာကို အပြည့် မြင်လိုက်ရသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးΌπου ζουν οι ιστορίες. Ανακάλυψε τώρα