Part 57

1.4K 199 5
                                    

57 01

အပိုင်း (၅၇)

ချီရှို့က ချက်ဝင်းဒိုးမှ စာကို ကြည့်လိုက်ပြီးနောက် တစ်ခုခုက မှားနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ နိုင်ငံတကာဆာဗာတွင် ထိပ်တန်းကစားသမားများ အများစု ရှိတတ်တသည်။ အထူးသဖြင့် ကြယ်ဆယ်ပွင့်ဘုရင်အဆင့်တွင် ဖြစ်သည်။ ရှောင်ယွီနှင့် တာ့ယွီတို့ကလည်း ရေကန်ကြီးထဲတွင် ရောနှောနေတတ်လေသည်။ ထို့ကြောင့် မည်သို့သော အခြေအနေမျိုးကမဆို ဖြစ်နိုင်သည်။

သူနှင့် ယဲ့ရှောင်းယန်တို့က Mid/Jungle အတွဲအဖြစ် ဝင်တိုးကြပြီး ကစားသမားနံပါတ်လေးနှင့် ကစားသမားနံပါတ်ငါးတို့ကလည်း အတူဝင်တိုးကြသည်။ ထို့ကြောင့် စနစ်က သူတို့နှစ်ဖွဲ့ကို တစ်ဖွဲ့တည်း ဖွဲ့ပေးလိုက်ရသည့် အကြောင်းပြချက်က တစ်ခုသာလျှင် ရှိသည်။ တစ်ဖက်အသင်းက အင်အားကြီးလွန်းသောကြောင့် ဖြစ်နိုင်သည်။ တခြားတစ်ဖက်ခြမ်းတွင်မူ သူတို့ကို ရင်ဆိုင်နေသော အင်အားကြီးကစားသမား လေးယောက်ခန့်ပင် ရှိနေလောက်သည်။

ချီရှို့၊ ယဲ့ရှောင်းယန်နှင့် တခြားသောနှစ်ယောက်ကလည်း MMR အလွန်မြင့်ပြီး အနိုင်ရနိုင်ခြေ ၉၀ရာခိုင်နှုန်းကျော်သည်။ ဆိုလိုသည်မှာ ရင်ဆိုင်ရမည့် တစ်ဖက်အသင်းကလည်း တစ်လှေတည်းသမား ဖြစ်နိုင်သည်။ ထိုနှစ်ယောက်လည်း အလားတူ ဖြစ်နိုင်လောက်သည်။ အနိုင်ရနိုင်ခြေလည်း မြင့်နိုင်သည်။

ချီရှို့က ခန့်မှန်းကြည့်သည်။

"ကြည့်ရတာ ဒီဂိမ်းမှာ နိုင်ငံတကာ ကစားသမားတွေရဲ့ Alt acc တွေ အများကြီး ရှိနေလောက်တယ်"

ယဲ့ရှောင်းယန်က ရယ်သည်။

"ဒါဆိုရင် ငါ ဒီနေရာမှာ အီမိုဂျီကွန် မသုံးတော့ဘူး မဟုတ်ရင် ငါ့ကာဗာ လွှင့်ထွက်သွားလိမ့်မယ်"

Team ဟော်ဝမ်၏ အခြေစိုက်စခန်းတွင် နည်းပြလီက ဖန်သားပြင်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။

"ဒီနေရာတွေကို နေနဲ့လကို ပေးလိုက်။ သူတို့ကိုပဲ Mid/Jungle အတွဲ ကစားခိုင်းလိုက်ပါ။ ဒါက သူတို့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now