Part 24

1.7K 278 12
                                    

အခန်း (၂၄)

ထိုစာကို ရပြီးနောက် ယဲ့ရှောင်းယန်က အတော်လေး အံ့အားသင့်သွားရသည်။

သူ၏ယခင်ဘဝတွင် သူက Streamer ပေါင်းများစွာနှင့် ရင်းနှီးသည်။ Streamer များက သူတို့၏ Streamအခန်းထဲမှ အသုံးအဖြုန်းကြီးသူများနှင့် လေးနက်သော ဆက်ဆံရေး ရှိကြသည်။ အထူးသဖြင့် ဖျော်ဖြေရေးကဏ္ဍအောက်သို့ ရောက်နေသော Stream လုပ်သော ကျော်ကြားသည့် အနုပညာရှင် တင်ဆက်သူများဆိုလျှင် ပို၍ပင် ရင်းနှီးကြသေးသည်။ သို့ရာတွင် သူတို့၏ အသုံးအဖြုန်းကြီးသူများကို ထိန်းသိမ်းထားနိုင်သော Streamer များ၏ အရေအတွက်က ရေတွက်ကြည့်ရန်ပင် ခက်ခဲသေးပေသည်။ သို့သော် အခြေအနေမျိုးက Gaming နယ်ပယ်တွင် ဆိုလျှင် ပို၍ အဆင်ပြေသည်။ Gaming Host များကို Stream ခန်းထဲတွင် အသုံးအဖြုန်းကြီးသူ အများစုက လက်ဆောင်များ ချီးမြှင့်သည်မှာ သူတို့က ထိုStreamer ၏ ကစားသောပုံစံကို ကြိုက်၍ သို့မဟုတ် သူတို့က ထို Streamer နှင့်အတူ ဝင်တိုးချင်၍ ဖြစ်သည်။

သူဌေးများက လက်ဆောင်ပေါင်းများစွာ ချီးမြှင့်သောအခါ အပြင်တွင် သီးသန့်တွေ့ရန် တောင်းဆိုသည် ဆိုသောအခြေအနေ မျိုးအတွက် စိုးရိမ်ရန် မလိုအပ်ချေ။ အကယ်၍ တွေ့ဆုံရန် တောင်းဆိုလျှင်လည်း ဒါက မထူးခြားနေခဲ့ချေ။

ယဲ့ရှောင်းယန်၏ အခန်းထဲမှ ထိုသူဌေးကမူ.. "ငါ မင်းကို ညစာလိုက်ကျွေးချင်တယ်" သို့မဟုတ် "ငါမင်းနဲ့ တစ်ယောက်တည်း သီးသန့်တွေ့ချင်တယ်" ဆိုသော အခြေအနေမျိုးကို တိုက်ရိုက် ပြောမလာခဲ့ချေ။ ထိုအစား ထိုသူဌေးက သူတို့တွေ့ရမည့်နေရာကို ရှုံးထွက်စင်မြင့်ခန်းမကဲ့သို့ လူအများရှိသော နေရာမျိုးကို ရွေးချယ်ခဲ့သည်။ ယဲ့ရှောင်းယန်ကလည်း ဂိမ်းပွဲများ ကြည့်ရခြင်းအား သဘောကျလေသည်။ ထို့အပြင် ခန်းမထဲတွင် လူက အပြည့်ရှိနေမည် ဖြစ်သည်။ သူက ထိုသူဌေးနှင့် တွေ့သည့်တိုင်အောင် သူက ကိုးရိုးကားယား မနိုင်လောက်ချေ။

သီးသန့်တွေ့ဆုံရန် ပြောဆိုခံရသော အခြေအနေနှင့် နှိုင်းယှဉ်သော် ဒီလို တွေ့ဆုံရန် ရွေးချယ်သော နေရာမျိုးက ထုံးတမ်းနည်း မှန်ကန်သည် ဆိုသော ခံစားချက်မျိုးကို ရစေသည်။ ထိုအတွေးကြောင့် ယဲ့ရှောင်းယန်က ပြန်ပြောလိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now