Part 35

1.5K 236 4
                                    

အပိုင်း (၃၅)

မူမူကဲ့သို့ ထိပ်တန်းအဆင့် ဂိမ်းကို ကောင်းကောင်းနားလည်ထားသည့် အထောက်အပံ့မျိုးကို ရှာရအလွန်ခက်သည်။

အဆင့်မြင့်ဂိမ်းပွဲစဉ်များတွင် အထောက်အပံ့များက အလွန်အရေးကြီးသည်။ အထောက်အပံ့ တစ်ယောက်က အသင်း၏ မျက်စိများဟု ဆို၍ ရသည်။ အထောက်အပံ့ကောင်း တစ်ယောက်သာ မရှိလျှငင် လူတိုင်းက ကန်းနေသလို ဖြစ်သွားပေလိမ့်မည်။ ရန်သူက ပိုင်နက်နယ်မြေကို ထပ်တလဲလဲ ကျူးကျော်သွားပြီး အထောက်အပံ့ အင်အားနည်းသော အသင်းက ပြိုလဲနိုင်ခြေ အလွန်များသည်။

မူမူက ရှောင်ပိုင်၏ အထောက်အပံ့ လုပ်ပေးမည်ဟု ကိုယ်တိုင်ကိုယ်ကျ ပြောလာခြင်းဖြစ်ပြီိး ယဲ့ရှောင်းယန်က အလွန်ပျော်ရွှင်သွားသည်။ သူက ချက်ချင်းပြန်ဖြေသည်။

: [မူကျဲ ပုံမှန်ဘယ်အချိန်ဆို ကစားနေကျလဲ။ မူကျဲနဲ့ အချိန်တူအောင် အချိန်ဇယားပြင်လိုက်မယ်]

မူမူ: [ငါ ပုံမှန်တော့ သန်းခေါင်ကျော်ပြီးရင် အိပ်တာပဲ။ ငါက မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ အဆင့်တက်လေ့ ရှိတယ်။ ညပိုင်းကိုတော့ ဒီပွဲစဉ် ကစားဖြစ်မယ်]

ငယ်ရွယ်သော အမျိုးသမီးများက ကောင်းကောင်း အိပ်စက်တတ်သည်။ အကြောင်းမူကား အိပ်ရေးဝမှသာ သူတို့၏ အလှအပအပေါ် မထိခိုက်မည် ဖြစ်သည်။ သူမက မနက်သုံးနာရီ လေးနာရီအထိ နေတတ်သည့် ညဇီးကွက်များနှင့် မတူ‌ချေ။ သူမ၏ အလုပ်လုပ်ချိန် အိပ်စက်ချိန်က မှန်ကန်သည်။ ထိုကဲ့သို့သော အချိန်ဇယားမျိုးက တိုက်ဆိုင်စွာဖြင့် ယဲ့ရှောင်းယန်နှင့် တူညီနေသည်။

ယဲ့ရှောင်းယန်က အလျင်စလို ပြန်ရိုက်သည်။

: [ဒါဆို မူကျဲမှာ အချိန်ရှိရင် မနက်ဖြန် ကူပြီး အဆင့်တင်ပေးပါလား။ ငါလည်း မနက်ဆယ်နာရီလောက်ဆို စပြီး ကစားပြီ]

မူမူ: [ရတယ်လေ မနက်ဖြန်မှ တွေ့တာပေါ့၊ ငါ အခုတော့ ဒီပွဲစဉ်ကို ဆက်ပြီး ကစားလိုက်အုံးမယ်]

ယဲ့ရှောင်းယန်က လက်ယမ်းပြကာ နှုတ်ဆက်သည့် အီမိုဂျီဖြင့် တုံ့ပြန်လိုက်သည်။ သူတို့၏ စကားပြောခန်းကို ပိတ်ပြီးနောက် ယဲ့ရှောင်းယန်က Streaming အခန်းကို ဖွင့်လိုက်သည့်အခါ ရှောင်ပိုင်၏အခန်းက နောက်ထပ် ဖော်လိုဝါအသစ်များ ရလိုက်ကြောင်း သိလိုက်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now