Part 89

980 156 10
                                    

အပိုင်း (89)

ပုံရိပ်ယောင်ပညာရှင်က online အဆင့်တက်ပွဲစဥ်များတွင် မကြာခဏ မြင်နေရခြင်း ဖြစ်သည်။ ထိုheroက ရန်သူကို ကြည့်လိုက်သည့်နောက်တွင် ခပ်မြန်မြန်သတ်နိုင်သော heroမျိုးလည်း ဖြစ်သည်။ သူက တိုက်ခိုက်လိုက်သည့် အချိန်တိုင်းလိုလို killတစ်ခု ယူနိုင်သည့် လုပ်ကြံသတ်ဖြတ်သူအမျိုးအစား မှော်ဆရာလည်း ဖြစ်သည်။ ထို့အပြင်သူက ကစားရအလွယ်ဆုံး လုပ်ကြံသတ်ဖြတ်သူမှော်ဆရာလည်း ဖြစ်နေသေးသည်။ လက်ကျိုးသည်ဟု ပြောကြသော သာမန်ကာလျှံကာ ကစားသမားများက သူ့ကို ကစားရခြင်းအား သဘောကျကြသည်။

သို့ရာတွင် ထိုheroကလည်း professional ဂိမ်းပွဲစဥ်များတွင် မကြာခဏ မပေါ်လာတတ်ချေ။ အကြောင်းမူကား လုပ်ကြံသတ်ဖြတ်သူကို သေစေနိုင်သည့် ပြစ်ချက်တစ်ခု ရှိနေသည်။ သူ၏ ultက ရှုပ်ထွေးလေသည်။ အခြားစကားဖြင့် ပြောရသော် ပုံရိပ်ယောင်ပညာရှင်က 1v1တိုက်ပွဲမျိုးတွင် ဖန်သားအမြှောက် အများစုကို သတ်နိုင်သည်။ သို့ရာတွင် သူက အဖွဲ့လိုက်တိုက်ပွဲ သို့မဟုတ် အသင်းဝင်တိုင်းရှိသော တိုက်ပွဲထဲသို့ ဝင်လိုက်သည့်အချိန်တွင် ပုံရိပ်ယောင်ပညာရှင်ultမှ damageအားကို သူ၏ဝန်းကျင်အတောအတွင်းတွင်ရှိသော ရန်သူများအကြား ခွဲကာ သုံးရလေသည်။ ထိုအခြေအနေက သူ့ကို အ​လောတကြီး လှုပ်ရှားလိုက်လျှင် မည်သည့် killမှ မယူနိုင်သည်ဆိုသော ပြစ်ချက်တစ်ခု အနေအထားအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

အသူရာအရှင်သခင်နှင့် မတူသည်မှာ ပုံရိပ်ယောင်ပညာရှင်၏ skillက killတစ်ခုရသွားပြီးနောက် ချက်ချင်းလိုလို cooldownဖြစ်ရာမှ ပြန်မရနိုင်ချေ။ skill comboကို ထုတ်သုံးပြီးနောက် ပုံရိပ်ယောင်ပညာရှင်က skillများ ကျန်တော့မည်မဟုတ်ချေ။ ထိုသို့ဖြစ်နေသည့်အခါ သူ့အနေဖြင့် minionထက်ပင် မသာနိုင်တော့ချေ။

Team BOBမှ နည်းပြကလည်း အနည်းငယ် အံ့အားသင့်သွားသေးသည်။

ထျန်းဟွမ်က first pickကို ပုံရိပ်ယောင်ပညာရှင်ကို ရွေးလိုက်တယ်။ ဘာလို့လဲ။

ပုံရိပ်ယောင်ပညာရှင်က professional ဂိမ်းပွဲများတွင် ပေါ်သောအခါ မကြာခဏဆိုသလို အေးခဲနတ်ဘုရားမနှင့် အထူးတလည် ရင်ဆိုင်ခံရသည် များလေသည်။ ထိုသို့ match upဖြစ်သောအခါ ပုံရိပ်ယောင်ပညာရှင်က သဘာဝအလျောက် အားသာချက် ရှိသွားသည်။ သို့ရာတွင် ထျန်းဟွမ်က ပထမဦးဆုံး ရွေးချယ်မှုအဖြစ် ပုံရိပ်ယောင်ပညာရှင်ကို ယူလိုက်သည်။ ဆိုလိုသည်မှာ ပြိုင်ဘက်များကလည်း သူ့ကို ရင်ဆိုင်တိုက်ခိုက်ရန် heroတစ်ခု ရွေးနိုင်သွားလေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now