Part 21

1.6K 252 14
                                    

အခန်း (၂၁)

ယဲ့ရှောင်းယန်က အသူရာအရှင်နှင့် နေရှင်နယ်#1 ရသွားပြီးနောက် သူ၏ Streaming ချန်နယ်မှ Follower များက တစ်ဖန် ထပ်ပြီး သောင်းကျော် မြင့်တက်လာပြန်သည်။

ဝေလငါး Streaming ပလက်ဖောင်းက ထိပ်ဆုံးမှ လူသစ်များကို အလိုအလျောက် ထောက်ခံပေးသော အချက်ကို ကျေးဇူးတင်ရမည်။ သူ၏ Follower အရေအတွက်က ရက်အနည်းငယ်အတွင်း ခြောက်သိန်းကျော်သွားသည်။ ထို့အပြင် VIP ဝင်ထားသော အခကြေးငွေ ပေးကာ Subscribe လုပ်ထားသူကလည်း သုံးသိန်းကျော်သွားပြီဖြစ်သည်။ သူ့ကို ထိပ်ဆုံး လှူဒါန်းသူကမူ ဂျန်ဂဲလာနံပါတ်8 ဖြစ်ပြီး သူတစ်ယောက်တည်းကတင် ယွမ်၂သိန်း ပို့ထားခြင်း ဖြစ်သည်။ လေးထောင့်‌လေးထောင့်က လက်ဆောင်များအဖြစ် ယွမ်တစ်သောင်းပို့လာပြီး ရှောင်ပိုင်၏ အခြားသော ပရိသတ်များက ယွမ်ထောင်ကျော် သို့မဟုတ် ရာကျော် ပို့ကြသည်။

ထို့ကြောင့် သူက ၅ရက်ပင် မကြာသော Streaming သက်တမ်းကာလအတောအတွင်း ပလက်ဖောင်းမှ အကျိုးအမြတ် ယွမ်၆သိန်းကျော် ရရှိလိုက်သည်။ ထိုသို့ဖြင့် သူက တခြားသော Streamer အသစ်များကို ဖုန်အလုံးလိုက်ထဲတွင် ချန်ထားရစ်ခဲ့လိုက်နိုင်သည်။

ဝေလငါး Streaming HQ (ဌာနချုပ်)

ကျန်းချီက တင်ပြသည်။

"ယွမ်ကျဲ.. ရှောင်ပိုင်က အသူရာအရှင်သခင်နဲ့ နေရှင်နယ် Ranking No.1 ဖြစ်သွားပြီ။ အဆင့်တွေက ထွက်လာကာစပဲ ရှိသေးတယ်။ သူ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက သောင်းနှစ်ထောင်ကျော်တယ်။ အစ်ကိုငါးကတောင်မှ တစ်သောင်းကျော်အောင် မနည်းရုန်းကန်နေရတာ။ ရှောင်ပိုင်ရဲ့ သာမန်ဂိမ်း Stats က အစ်ကိုငါးထက် အများကြီးသာတယ်။ သူက အခြေခံအားဖြင့် ဝင်ကစားတဲ့ဂိမ်းတိုင်းမှာ MVP ရတယ်။ အစ်ကိုငါးက‌ ကိုယ်ပိုင်ဂိမ်းပွဲတွေမှာတောင် MVPမရဖူးတာမျိုးတွေ ရှိသေးတယ်"

ချန်ဖေးယွမ်က လက်ထဲမှ ဒေတာရီပို့ထ်ကို ကြည့်ပြီး ပြောလိုက်သည်။

"ရှောင်ပိုင်ရဲ့ တန်ဖိုးက တဖြည်းဖြည်းချင်း မြင့်လာပြီ။ သူက ပိုပြီးများပြားတဲ့ လက်ဆောင်တွေကို လက်ခံရရှိလာတယ်။ သူ့ကို unfollow လုပ်တဲ့သူက တအားနည်းတယ်။ ဆိုလိုတာက သူက သူ့ကြည့်ရှုသူတွေ သူ့ဆီကို ရောက်အောင် လုပ်တဲ့နေရာမှာ တအားတော်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now