Part 58

1.4K 205 2
                                    

အပိုင်း (58)

သူတို့၏ အဆင့်တက်ပွဲက ပြီးသွားသောအခါ ၁၂နာရီ၄၀ဖြစ်နေလေပြီ။

ဝံပုလွေဖြူဘုရင်ကလည်း သင့်တင့်လျောက်ပတ်စွာ ကစားနိုင်ရန်အတွက် input ပမာဏအများကြီး ထည့်သုံးထားရသေးသည်။ ထို့ကြောင့် ထိုheroကို သုံးပြီး ပွဲစဥ်ပေါင်းများစွာ ကစားရခြင်းက သူ့ကို အလွန်ပင်ပန်းစေသည်။ ယဲ့ရှောင်းယန်က သူ၏ ကိုက်ခဲလာသော လက်ကောက်ဝတ်များကို ပွတ်သပ်ပြီးနောက်ပြောသည်။

"ခေါင်းဆောင်ချီ၊ ဒီနေ့အတွက်တော့ ဒီနေရာမှာပဲ လေ့ကျင့်တာကို ရပ်ရအောင်"

ချီရှို့ကလည်း ဆက်မကစားချင်တော့ချေ။ သူကလည်း ကွန်ပျူတာကို ပိတ်လိုက်ပြီးနောက် ပြောသည်။

"ကောင်းပြီလေ အခန်းကိုပြန်ပြီး အိပ်ကြမယ်"

ချင်းယွီကျူးကမူ တစ်ယောက်တည်း သူ၏ heroများကို လေ့ကျင့်နေသည်။ သူ၏ရှေ့တွင်လည်း သစ်ကြားသီးများထည့်ထားသော ပန်းကန်ပြားရှိနေ၏။ သူက ကစားရင်း စားသည်။ ဒီနည်းအားဖြင့် ခပ်အေးအေး လန်းဆန်းသော ခံစားချက်မျိုးဖြင့် လောကကို ဂရုမစိုက်ခြင်းမရှိသော toplaner အလား ထင်ရသည်။ ချွီကျန်းနှင့် ချန်းရှင်းတို့က ပြည်တွင်းsaverထဲတွင် အဆင့်တက်ပွဲကို ကစားနေကြသည်။ ချီရှို့က မတ်တပ်ထရပ်လိုက်သောအခါ သူတို့၏ ဖန်သားပြင်တွင် ရှုံးနိမ့်ဆိုသော စကားလုံး ပေါ်လာချိန်နှင့် ကွက်တိကျသွားသည်။ ချီရှို့က တစ်ခဏခန့်ရပ်ပြီး မေးသည်။

"ဘာလို့ မင်းက ထပ်ရှုံးပြန်တာလဲ"

ချန်းရှင်းက ခေါင်းကို ငုံ့လိုက်သည်။ သူက အသက်ပင် အနိုင်နိုင်ရှူနေရသည်။

ယဲ့ရှောင်းယန်က ရယ်သည်။

" ရှောင်ရှင်းက ဒီလို gankအများကြီး လုပ်ခံရတဲ့ ဖိအားအောက်မှာ လဲပြိုကျနိုင်တာလား"

ချွီကျန်းက ပြောသည်။

"ဒီတစ်လှည့်က ရှောင်ရှင်းကြောင့်မဟုတ်ဘူး"

သူက အကြိုဂိမ်းခွဲခြမ်းစိတ်ဖြာမှုကို ထုတ်လိုက်ပြီးနောက် ချန်းရှင်း၏ statusအဆင့် စစ်ဆေးချက်ကို ထောက်ပြလိုက်သည်။ ဒါက 9-4-5 ဖြစ်သည်။ သူကလည်း အခြားသော အသင်းဖော်တစ်ယောက်က 1-9-3 အနေအထားမျိုး ရှိနေကြောင်း ပြသလိုက်သည်။ သူက ကူကယ်ရာမဲ့စွာပြောသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now