Part 96

822 129 0
                                    

အပိုင်း (96)

Group bမှ ဂိမ်းပွဲစဥ်များ ပြီးဆုံးသွားသည့် တစ်ပတ်ကျော်ခန့်ကြာပြီးနောက် group aနှင့် group s၏ ပထမတစ်သုတ် ပွဲစဥ်များကလည်း အဆုံးသတ်သွားသည်။

ယဲ့ရှောင်းယန်က သူ၏အသင်းဖော်များနှင့်အတူ ထျန်းဟွမ်၏ အခြေစိုက်စခန်းသို့ ပြန်ရောက်သွားပြီဖြစ်သည်။ လူတိုင်းက နှစ်ရက်လုံးလုံး အစည်းအဝေးခန်းထဲတွင် ဂိမ်းပွဲစဥ်များကို ကြည့်နေခဲ့ကြပြီး ပိတ်ရက်ည၁၀ နာရီအထိ ဆက်တိုက်ကြည့်ရှုပြီးမှသာ official leagueက နောက်ဆုံးတွင် သာမန်season၏ ပထမတစ်သုတ် အသင်းများ၏ အဆင့်ဇယားနှင့် အချက်အလက်များစွာကို ထုတ်ပြန်ကြေညာလေသည်။

Team ပင့်မူက group sတွင် အဆင့်၁ဖြစ်သည်။ ကျောင်းရှင်းဖင်းနှင့် ကျောင်းရှင်းအန်းတို့ မောင်နှစ်မနှစ်ယောက်ကလည်း သူတို့၏ midlanerအသစ်နှင့် ကောင်းကောင်းလိုက်ဖက်ညီအောင် ကစားနိုင်ခဲ့သည်။ သူတို့၏ လမ်းကျဥ်း၃ခုလုံးတွင် အားနည်းချက်မရှိတော့သည့် ပင့်မူက ဒီseasonတွင် အင်အားစုအပြည့်ဖြင့် ဝင်ရောက်လာနေလေသည်။

Group s၏ ဒုတိယ၊ တတိယနှင့် စတုတ္ထ အသင်းများ၏ အမှတ်ကွာခြားချက်က မကြီးမားချေ။ ထိုအသင်းများက ကျင်းကျယ်၊ ပင်းဟွန်းနှင့် ဟော်ဝမ်တို့ဖြစ်သည်။

ကျင်းကျယ်၏ နှစ်ယောက်တွဲသယ်သော comboကလည်း ဆွဲချရန် အလွန်အမင်း ခက်ခဲနေသေးလေသည်။ ဖန်းကျန်းချင်နှင့် ရှဲ့ယွမ်တို့က လူသစ်လေ့ကျင့်ရေးစခန်းတွင်ကတည်းက အတူပူးပေါင်းလေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့က သူတို့၏ pro leagueတွင် season၄ခုစာ အတူ ကစားပြီးကြလေပြီ။ ထို့ကြောင့် သူတို့၏ ဦးနှောက်လှိုင်းများက ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေကြသည်။ ထို့သို့ဖြင့် သူတို့၏ တုန့်ပြန်မှုက ဟန်ချက်ညီနေ၏။ ဖန်းကျန်းချင်နှင့် ချီရှို့တို့ကဲ့သို့သော အခြေအနေမျိုး မဟုတ်ချေ။

Team ပင်းဟွန်းကလည်း ယခင် seasonတွင် အလွန်အမင်း အင်အားကြီးမားခဲ့သည်။ ထိုအတိုင်း ယခုအထိ အင်အားကြီးမားနေသေး၏။ သူတို့က သူတို့၏ အင်အားများကို အသင်းတိုက်ပွဲများတွင်သာ အဓိက နေရာယူထားနိုင်သည်။ ဟော်ဝမ်အတွက်ကမူ သူတို့၏ midlanerက ထူးချွန်လွန်းသည်။ သူတို့၏ jungler၊ maskmanနှင့် toplaner ၊ အထောက်အပံ့တို့ကလည်း အားနည်းချက် မရှိနေခဲ့ချေ။ သူတို့၏ အသင်းcomboကလည်း ဘက်စုံပြီးပြည့်စုံနေပြန်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now