Part 13

1.7K 277 10
                                    

အခန်း (၁၃)

ယဲ့ရှောင်းယန်က စာဖတ်ခန်းထဲသို့ ပြန်သွားပြီးနောက် ကွန်ပျူတာကို ဖွင့်လိုက်ကာ သူ့၏ကွန်ပျူတာပေါ်တွင် စာချုပ်ကို တစ်ချက် ကြည့်လိုက်သည်။ စာချုပ်ကို ဖတ်ရသော ကိစ္စက သူ့အတွက် စိန်ခေါ်မှု မဟုတ်ချေ။ သူ၏ယခင်ဘဝတွင် သူက Team GDမှ ခေါင်းဆောင် ဖြစ်နေသည့်အတွက် ထိုသို့ Streaming စာချုပ်များနှင့် ပတ်သက်သော စာချုပ်တိုင်းကို ဖတ်ဖူးလေသည်။ သူက အစမှအဆုံးထိ ဖတ်ကြည့်ဖူးခဲ့သည်။ အချို့သော အဖွဲ့များက သူတို့၏ ကစားသမားများကို အခွင့်ကောင်းယူရန် ကြိုးစားကြလေ့ ရှိသည်။ မည်သို့ပင် ဆိုစေ Streaming ပလက်ဖောင်းများအနေဖြင့် သူတို့၏ Streamer များကို အခွင့်ကောင်းယူသော ကိစ္စက သာမန်ကျလေသည်။ ယဲ့ရှောင်းယန်ကမူ အလွယ်တကူ အလိမ်ခံမည် မဟုတ်ချေ။ သို့သော် ထိုစာချုပ်ကို ဖတ်ပြီးနောက်တွင် သူတို့က မည်သည့်နေရာတွင် ရပ်နေရကြောင်းကိုလည်း နားလည်ရန် လိုအပ်နေသေးသည်။ သူတို့ကသာ ဆန္ဒရှိသော ရလဒ်ကို ထုတ်ပေးနိုင်သည့် စွမ်းအင် မရှိလျှင် ကိုယ်ပိုင်အကျိုးအမြတ်အတွက် ညှိနှိုင်းလာမည် မဟုတ်ချေ။

ယဲ့ရှောင်းယန်က online တက်ပြီးနောက်တွင် ဤလောကမှ Streaming ဘက်ပိုင်းနှင့် ပတ်သက်ပြီး ရှာဖွေကြည့်လိုက်သည်။ သည်လောကမှ အကြီးဆုံး Streaming ပလက်ဖောင်းက ဝေလငါး ပလက်ဖောင်း၊ တုံ့တင်းပလက်ဖောင်းနှင့် ပန်ဒါ ပလက်ဖောင်းတို့ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်းယန်ကို ကိုင်တွယ်ရာတွင် ပို၍ လွယ်ကူသွားစေသည်။ ညှိနှိုင်းသည့် ဖြစ်စဉ်အတွက် ဝေလငါး ပလက်ဖောင်းနှင့် သူက အဆင်မပြေခဲ့လျှင်လည်း သူက အခြားသော ရွေးချယ်စရာများ ရှိနေသေးသည်။ သည်နည်းအားဖြင့် သူက သူ့ကိုယ်သူ ပိတ်လှောင်ထားစရာ မလိုအပ်ချေ။

သည် ABO လောကက လူတွေက ပိုပြီး ကြွယ်ဝတဲ့ပုံပဲ။

Live Streaming ကြည့်သော ကြည့်ရှုသူများက Subscribe လုပ်ကြေးနှင့် လက်ဆောင်များအတွက် အလွန်အမင်း သဘောထားကြီးကြသည်။ ထိပ်တန်းအဆင့် Host သာဆိုလျှင် Subscribe လုပ်ကြေးအတွက် ငါးသောင်းပင် ရရှိကြပြီး လတိုင်းလိုလို လက်ဆောင်ကြေးပြား သန်းချီ ရရှိလေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now