Part 86

968 147 3
                                    

အပိုင်း (86)

အထွတ်အထိပ် ပွဲစဥ်မှ ဂိမ်းပွဲတိုင်းက ကျပန်း matchလုပ်ပေးခြင်း ဖြစ်သည်။ တစ်လှည့်နိုင်သွားပြီးနောက် ချီရှို့က လျင်မြန်စွာ တစ်ပွဲနှင့် စနိုင်သွားသည်။ ယဲ့ရှောင်းယန်ကလည်း နောက်တစ်ပွဲကို ဝင်ပါလာလေသည်။ သူတို့၂ယောက်လုံးက တစ်ဖန်ထပ်ပြီး အချင်းချင်း မတွေ့ကြတော့ချေ။ ထို့ကြောင့် သူတို့၏ shipperများကလည်း အကြောင်းရာအသီးသီးကိုသာ ချဲ့ကားတူးဖော်ရန် ကြိုးစားပြီး ထွက်ပြေးသွားကြသည်။

သို့သော် သူတို့က တူးဆွလေလေ သိပ်မကြာခင် အံ့အားသင့်ဖွယ်ကောင်းသည့် လျှို့ဝှက်ချက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ချီရှို့က လက်ရှိအချိန်တွင် jungler no. 8ဆိုသော artအကောင့်နှင့် streaming လုပ်နေခြင်း ဖြစ်သည်။ ရှောင်ပိုင်၏ streamingခန်းထဲမှ အသုံးအဖြုန်းကြီးသူများ၏ စာရင်းတွင်လည်း ငါးခူယွမ်တစ်သိန်းအထိ သုံးခဲ့ဖူးသည့် အသုံးအဖြုန်းကြီးသူတစ်​ယောက်၏ နာမည်က jungler no. 8 အဖြစ် ရှိခဲ့ဖူးသည်။ ထို့ကြောင့် shipperတိုင်းက စတင်ကာ စိတ်ကူးယဥ်ပုံဖော်ကြသည်။ သူတို့ကလည်း ထိုလက်ဆောင်များကို ပို့သောအခါ ရတတ်သည့် အချိန်တံဆိပ်များကို လိုက်ကြည့်ကြသည်။ ထိုအခါ ယခင်က ရှောင်ပိုင်၏ stream vdဟောင်းများကို ပြန်ကြည့်မိသွားသည်။ ထိုသို့ လျင်မြန်စွာဖြင့် တစ်စုံတစ်ယောက်ကလည်း jungler no. 8က streamerရှောင်ပိုင်ကို လက်ဆောင်များ အပြုံလိုက် ပို့ပေးခဲ့မှုအား ရှာတွေ့သွားသည်။

အတိတ်က jungler ခေါင်းဆောင်က ရေခူများ၏ ယွမ်တစ်သိန်းကို သုံးခဲ့ပြီး အကြောင်းပြချက်တစ်ခုအဖြစ် သုံးကာ streamerရှောင်ပိုင်အား အဆင့်တက်ရန် ကူညီခိုင်းခဲ့သည်။ သူကလည်း ရှောင်ပိုင်၏ friend listသို့ အပ်ခိုင်းခဲ့သေးသည်။ သူတို့နှစ်ယောက်က ထိုအချိန်တွင် စတင်ကာ အတူတိုးခဲ့ကြ၏။ ထို့နောက် ကျင်းကျယ်မှ ၃ယောက်တွဲနှင့် ထိပ်တိုက်တိုးသောအခါ ရှောင်ပိုင်၏ အနိုင်ရနိုင်ချေက နောက်ဆုံးတွင် ဖြတ်တောက်ခံလိုက်ရသည်။ ထိုကိစ္စပြီးနောက် ရှောင်ပိုင်၏ တိတိ ရှောင်းယွေ့လေးက offlineထွက်သွားပြီ ရှောင်ပိုင်နှင့် junglerခေါင်းဆောင်တို့ကသာ နှစ်ယောက်တွဲအတူဝင်တိုးရင်း ကျန်ခဲ့သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now