Part 61

1.3K 182 4
                                    

61 01

အပိုင်း (61)

လေ့ကျင့်ရေးဂိမ်းပွဲစဥ်များတွင် ကစားသမားများအနေနှင့် ထိုဂိမ်းပွဲစဥ်နှင့် ပတ်သက်ပြီး အကြောင်းရာများကို ကြိုတင် ချိန်ညှိထားနိုင်သည်။ 5v5 modeတွင် နှစ်သင်းလုံးအတွက် ရွှေနှင့် အဆင့်များကို ဂိမ်းပွဲမစတင်ခင်ကတည်းက ချိန်ညှိထားနိုင်လေသည်။ အားသာသောဘက်တွင် ကစားရသော အသင်းအနေနှင့် သူတို့၏ စွမ်းရည်ကို သုံးပြီး ပို၍ တည်ငြိမ်အောင် ထိန်းနိုင်စွမ်းအား ရှိလာနိုင်မည်ဖြစ်သလို အားနည်းသောဘက်တွင် ကစားရသော အသင်းအနေနှင့်လည်း သူတို့၏ စွမ်းရည်ကို သုံးပြီး ဖိအားကို တောင့်ခံနိုင်စွမ်းအား ရှိလာမည်ဖြစ်သည်။ ထိုနည်းအားဖြင့် လေ့ကျင့်ခြင်း ဖြစ်သည်။ အားသာသောဘက်မှ ကစားနေချိန်တွင် တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး အားနည်းသောဘက်တွင် ကစားနေချိန်တွင် အဓိကပွဲစဥ်များတွင် အောင်မြင်မှုကို ရရှိနိုင်သော အသင်းမျိုးကို ဖော်ထုတ်ပေးနိုင်မည်​ဖြစ်သည်။

ယဲ့ရှောင်းယန်က အတိတ်ဘဝတွင်လည်း ယခုကဲ့သို့သော ဖိအားများပေးစွမ်းနိုင်သည့် လေ့ကျင့်ရေးနည်းလမ်းမျိုးအောက်တွင် ကျော်ဖြတ်ခဲ့ဖူးလေသည်။ သူကလည်း ဂိမ်း၏ အစပိုင်းကတည်းက အားနည်းသောဘက်သို့ တွန်းပို့ခံခဲ့ရခြင်းအားဖြင့် ထိုဂိမ်းကို ကိုင်တွယ်ရသော အနေအထားမျိုးတွင် မစိမ်းတော့ချေ။

သို့ရာတွင် နည်းပြလင်းကမူ နှစ်သင်းကြားတွင် ရွှေ၂ထောင်ခြားရန် အမိန့်ထုတ်လိုက်သည်။

တစ်သင်းလုံးအတွက် ရွှေ၂ထောင်လား၊ ဒါမှမဟုတ် လူတစ်ယောက်တည်းအတွက် ရွှေ၂ထောင်လား။

ယဲ့ရှောင်းယန်က ထျန်းဟွမ်မှ ဓလေ့များနှင့် သိပ်မရင်းနှီးသေးချေ။ ထို့ကြောင့် သူကိုယ်တိုင်ကလည်း နည်းပြကို အများရှေ့တွင် ကိုယ်တိုင် မေးမြန်းရန် မသင့်တော်ဟု ခံစားရသဖြင့် ချီရှို့ကိုသာ လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုး လှမ်းမေးလိုက်သည်။

"အခြားအသင်းအတွက် ရွှေနဲ့ပတ်သက်လို့ အားသာချက်က ၂ထောင်မဟုတ်လား၊ ဒါမှမဟုတ် အခြားအသင်းက လူတစ်ယောက်တည်းအတွက်ပဲ ၂ထောင် သီးသန့် မြှင့်ပေးမှာလား"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now