Part 51

1.3K 230 3
                                    

အပိုင်း (51)

ရှဲ့ရှောင်းထျန်းက အိုမီဂါအသစ်နှင့် 1v1 ချတော့မည်ဖြစ်သည်။

၅မိနစ်ပင်မကြာသေးခင် ထိုသတင်းက team ထျန်းဟွမ်တစ်ခုလုံးကို မွှေနှောက်သွားသည်။

Starting line fမှ အဖွဲ့ဝင်များ၊ ဒုတိယအသင်းမှလူများနှင့် ထျန်းဟွမ်၏ လူသစ်လေ့ကျင့်ရေး စခန်းမှ လူများအားလုံး၏ အကြည့်က သူတို့၏ ကွန်ပျူတာမော်နီတာတွင် ရောက်သွားသည်။ သူတို့က ရှဲ့ရှောင်းထန်းကို စတင်ကာ စာပို့နေကာ မေးမြန်းနေသည်။

[ဘယ်အခန်းလဲ]

[ငါ့ကို ကြည့်ရှုသူအဖြစ်အပ်လိုက်]'

Trainningပွဲများတွင် ကြည့်ရှုသူ modလည်း ရှိသည်။ ထို့ကြောင့်လူတိုင်းက ကစားသမားနှစ်ယောက် ယှဥ်ပြိုင်နေသော မော်နီတာနှစ်ခုထံသို့သွားပြီး သူတို့၏ 1v1 ကို ပြုံတိုးကာကြည့်ရန် မလိုအပ်ချေ။ သူတို့က ဂိမ်းအတွင်းမှ ကြည့်ရှုသူများနေရာမှ ထိုဂိမ်းကို ထင်းထင်းလင်းလင်းမြင်အောင် ကြည့်၍ ရသည်။ ရှဲ့ရှောင်းထျန်းကလည်း လူအများကြီးက ကြည့်ရှုနေမည့်အရေးကို ဂရုမစိုက်ချေ။ လူများများကြည့်လေလေ သူက ကောင်းကောင်းသက်သေပြနိုင်လေလေ ဖြစ်သည်။

သူနှင့် ချန်းရှင်းက ထျန်းဟွမ်၏ လူသစ်လေ့ကျင့်ရေးစခန်းတွင် တစ်နှစ်ထဲ ဝင်လာခဲ့သည်။ သူတို့၂ယောက်က ပါရမီပါပြီး သူတို့၏ လူသစ်အတန်းတွင် ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့သောကြောင့် သူတို့က ဒုတိယအသင်းသို့ အထည့်ခံခဲ့ရသည်။

မူလကမူ လူအိုကြီးနျဲ့နှင့် အားနင်တို့က အနားယူသွားသောအခါ maskmanနှင့် အထောက်အပံ့ကို ဒုတိယအသင်းမှသာ ရာထူးတိုးခံရမည်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း maskmanနှင့် အထောက်အပံ့ကို တခြားတစ်နေရာမှ လက်ခံရမည်ဖြစ်သည်။ သို့သော် နည်းပြများက ချန်းရှင်းကို maskmanအဖြစ် ပြောင်းကစားခိုင်းပြီး နောက်ရာသီတွင် ပွဲဦးထွက်ခိုင်းမည်ဟု မျှော်လင့်ထားခဲ့သည်။

ချန်းရှင်းကမူ အလွန်ပျော်ရွှင်နေသည်။ သူကလည်း သတင်းရရခြင်း ရှဲ့ရှောင်းထျန်းနှင့် သတင်းကောင်းဝေမျှချင်ခဲ့သည်။ သူတို့နှစ်ယောက်လုံးက မိတ်ဆွေကောင်းများဖြစ်သည်။ သို့သော် ရှဲဲ့ရှောင်းထျန်းက ချန်းရှင်းအတွက် ပျော်နေမိသော်လည်း သူကိုယ်တိုင်အတွက်မူ စိတ်ဓာတ်ကျမိသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now