Part 36

1.4K 223 2
                                    

အပိုင်း (၃၆)

နောက်တစ်နေ့မနက်ခင်းတွင် ယဲ့ရှောင်ယန်က ၁၀နာရီအတိတွင် စတင်ကာ စတွင်းမင်း လုပ်နိုင်ရန် အဆင်သင့် ပြင်သည်။ သူက ဂိမ်းထဲသို့ လော့ခ်အင် ဝင်လိုက်ပြီးသည်နှင့် မူမူ၏ အဗာတာကို သူ၏ Friend List တွင် မြင်လိုက်ရသည်။ ထိုအရာလေးက မီးလင်းနေလေပြီ။ သူက ချက်ခြင်းလိုလို System ထံမှ အကြောင်းကြားသံကို ကြားလိုက်ရသည်။

"မင်းရဲ့ မိတ်ဆွေ [ မူမူ ] မင်းကို သူတို့ရဲ့ အသင်းထဲကို ဖိတ်ခေါ်နေတယ်"

ယဲ့ရှောင်ယန်က ချက်ခြင်းလိုလို ဖိတ်ကြားမှုကို လက်ခံလိုက်ပြီး အသင်းမှ အသင့်ဆောင့် Lobby တစ်နေရာသို့ ရောက်သွားသည်။ သူက မိုက်ကို ဖွင့်လိုက်ပြီး ချက်ခြင်းနှုတ်ဆက်လိုက်သည်။

"မင်္ဂလာမနက်ခင်းပါ မူကျဲ"

မူမူကလည်း မိုက်ဖွင့်လိုက်သည်။ သူမက ဖျော့တော့စွာ ပြုံးပြီး ပြန်မေးသည်။

"ရှောင်ပိုင် ရှောင်ပိုင်က အေးခဲနတ်ဘုရားမနဲ့ National Leaderboardကို ဝင်တိုးတော့မှာလား"

ယဲ့ရှောင်ယန်က ပြောသည်။

"ငါ့ရဲ့ အေးခဲနတ်ဘုရားရဲ့ တိုက်ပွဲဝင် စွမ်းအားက ပြည့်နေပြီ။ ဒါကြောင့် နေရှင်နယ် Ranking တက်အောင် ကံကြမ္မာနတ်ဘုရားမကို သုံးဖို့ ဆုံးဖြတ်ထားတယ်"

မူမူ၏ Streaming အခန်းထဲတွင် ကောမန့်များက ပြန့်နှံသွားပြန်သည်။

[သောက်ကျိုးနည်း ကြွားလွန်းတဲ့ကောင် ဒီအသစ်ကလေးက တော်တော်လေးကို တော်တဲ့ပုံပဲ]

[ရှောင်ကောကောလေးရဲ့ အသံက နားထောင်လို့ ကောင်းလိုက်တာ။ ဒါက မူကျဲရဲ့ မိတ်ဆွေလား]

[အပေါ်က ကောမန့်ပေးတဲ့သူ မင်းတို့ ရွာမှာ ဝိုင်ဖိုင်ရှိရဲ့လား။ ဒါက ပလက်ဖောင်း တစ်ခုတည်းက Streamerပဲလေ။ မနေ့ညက အထွတ်အထိပ် ပြိုင်ပွဲ အတောအတွင်း မူကျဲက သူနဲ့ တွေ့ခဲ့တာ။ အဲ့ဒီနောက် မိတ်ဆွေအဖြစ် အပ်ခဲ့တာပဲ]

[ကံကြမ္မာနတ်ဘုရားမက ကစားဖို့ အခက်ဆုံး မှော်ဆရာတွေထဲက တစ်ကောင်ပဲ။ ငါ ဒီလိုခက်ခဲလွန်းတဲ့ ဟီးရိုးမျိုးကို သုံးပြီး ကစားတာကို ကြည့်ရုံနဲ့တင် ခေါင်းကိုက်တယ်]

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now